Connect with us

Politics, Law & Military

၁၅ ကြိမ်မြောက် တရုတ်-ရုရှား မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ရှန်ဟိုင်းမြို့တွင် ကျင်းပ

တရုတ်နိုင်င ံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီနှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushevအား တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)သည် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushevနှင့်အတူ  ဒီဇင်ဘာ ၄ ရက်က ရှန်ဟိုင်းမြို့တွင် ကျင်းပသော တရုတ်-ရုရှား ၁၅ ကြိမ်မြောက် မဟာဗျူဟာမြောက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခေတ်သစ် တရုတ်-ရုရှား ဆက်ဆံရေး၊ နိုင်ငံတကာ ရေးရာကိစ္စရပ်များနှင့် ဘက်ပေါင်းစုံမူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု၊ အာရှပစိဖိတ် ဒေသ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊စစ်ဘက်ဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာဆွေးနွေးဖလှယ်ခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မဟာဗျူဟာမြောက် လုံခြုံရေး ညှိနှိုင်းဆွေးနွေးမှုစနစ်ဖြင့် နှစ်နိုင်ငံခေါင်းဆောင် ရရှိထားသော သဘောတူညီချက်ကို အကောင်အထည်ဖော်ကြရာတွင်  နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို ထပ်မံ ထဲထဲဝင်ဝင်ဆောင်ရွက်ရန်၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှုကို နီးနီးကပ်ကပ်ဆောင်ရွက်ရန် ၊ ပြည်ပအင်အားစု၏စွက်ဖက်ခြင်းကို ပြတ်ပြတ်သားဆန့်ကျင်ရန်၊ ဗဟိုအကျိုးစီးပွားကို ခိုင်မာစွာ ထောက်ခံရန်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုတည်ငြိမ်လုံခြုံသည့် ပတ်ဝန်းကျင်တည်ဆောက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း  သိရသည်။ 

တရုတ်နိုင်ငံက လာမည့်နှစ် ရုရှားနိုင်ငံမှ ကြီးမှူးကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)နှင့် BRICS ထိပ်သီးဆွေးနွေးပွဲကိုလည်း အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။ နိုင်ငံပေါင်းစုံ ဘက်ပေါင်းစုံဝါဒကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဓိကဦးတည်ချက် လမ်းကြောင်း အဖြစ်ဆောင်ရွက်သွားကာ တစ်ဖက်သတ်ဝါဒနှင့်ဗိုလ်ကျစိုးမိုးမှုလမ်းစဉ်များကို  ဆက်လက် ဆန့်ကျင်၍ နိုင်ငံတကာနှင့်ဒေသ တည်ငြိမ်အေးချမ်းစည်ပင်ဝပြော  အတူတွန်းအားပေးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.