Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ရုရှားနိုင်ငံနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ တိုးမြှင့်ရန် တရုတ် ဒုတိယ သမ္မတ တိုက်တွန်း

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဝမ်ချီစန်းက တရုတ်-ရုရှား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ချစ်ကြည်ရေးကော်မတီ (CRFCPD) ၏ ၁၂ ကြိမ်မြောက်အစည်းအဝေး တက်ရောက်လာသူများနှင့် ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်းသည် တရုတ်-ရုရှား ပြည်သူအချင်းချင်း ဖလှယ်မှုများ မြှင့်တင်ရန်နှင့် ခေတ်သစ်အတွက် တရုတ်-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ခိုင်မာသောအုတ်မြစ်တစ်ခု ချမှတ်ရန် ဒီဇင်ဘာ ၅ ရက်က တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

ပေကျင်းမြို့တော်တွင် ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သော တရုတ်-ရုရှား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ချစ်ကြည်ရေးကော်မတီ (CRFCPD) ၏ ၁၂ ကြိမ်မြောက်အစည်းအဝေး တက်ရောက်သူများနှင့် တွေ့ဆုံအပြီး ဝမ်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်အစိုးရ၏ ကိုယ်စား ဝမ်က အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာပေးအပ်ခဲ့သည်။

ထို့ပြင် ယခုနှစ်သည် တရုတ်-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု နှစ် ၇၀ ပြည့်မြောက်သည့်နှစ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးမှာ နက်ရှိုင်းသော နိုင်ငံရေးနှင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှု၊ ခိုင်ခံ့သော နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ပြည်သူများအကြား နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှု စသည်တို့နှင့်အတူ သမိုင်းတွင် အကောင်းဆုံးအဆင့် ရောက်ရှိခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

CRFCPD က နှစ်နိုင်ငံကြား ပြည်သူအချင်းချင်း သံခင်းတမန်ခင်း အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ဝမ်က ဆိုသည်။

CRFCPD ကို တရုတ်နှင့် ရုရှားအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းရေးနှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံ သမ္မတများ၏ အဆိုပြုချက်အရ ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့သည်။ (Xinhua)