Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အမေရိကန်သံရုံးကို ဆင့်ခေါ်၍ အမေရိကန်လွှတ်တော်က အတည်ပြုလိုက်သော ရှင်းကျန်းဆိုင်ရာ ဉပဒေကြမ်းအပေါ် ကန့်ကွက်လွှာပေးအပ်

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Qin Gang သည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီဒုတိယအကြီးအကဲ Willian Klein အား အမေရိကန်အောက်လွှတ်တော်အမတ်များ၏ ရှင်းကျန်းဆိုင်ရာဉပဒေကြမ်း အတည်ပြုမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း တရားဝင်ကြေညာချက်ပေးရန် နှင့် ဆန့်ကျင်မှုပြုရန် ဒီဇင်ဘာ ၄ ရက်တွင်ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

Qin က အမေရိကန်အနေဖြင့် ၎င်းတို့၏ မှားယွင်းမှုကို လျင်မြန်စွာ အမှားပြင်ဆင်ချက်ပြုလုပ်ရန် ၊ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးတွင် စံနှုန်း နှစ်မျိုးထားခြင်းကို စွန့်လွှတ်ရန် ၊ ဉပဒေကြမ်းမှ ဉပဒေအဖြစ် အသက်မဝင်မီ တားဆီးပေးရန် နှင့် ရှင်းကျန်းဆိုင်ရာကိစ္စရပ်များကို အကြောင်းပြု၍ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုအား ရပ်တန့်ရန် တရုတ်နိုင်ငံက ပြင်းထန်စွာတိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

“အခြေအနေ ဖြစ်ပေါ်တိုးတက်မှုအရ တရုတ်နိုင်ငံက ရှေ့မှာ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်” ဟု Qin က ဆိုသည်။

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

၎င်းက ရှင်းကျန်းသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း နှင့် ရှင်းကျန်းဆိုင်ရာ ကိစ္စရပ်များသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စရပ် သက်သက်ဖြစ်သောကြောင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ရှင်းကျန်းတွင် တရုတ်နိုင်ငံ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး နှင့် အစွန်းရောက်မှုရှင်းလင်းရေး ဆောင်ရွက်ချက်များအပေါ် ဝေဂါလူ့အခွင့်အရေးမူဝါဒအက်ဉပဒေ ၂၀၁၉ ဟူသော အမည်ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သည်ဆိုကာ ဉပဒေတစ်ရပ်အဖြစ် ပုံဖော်ထားခြင်းသာဖြစ်ကြောင်း Qin က ဆိုသည်။

အမေရိကန်နိုင်ငံအနေဖြင့် အချက်အလက်များကို မျက်ကွယ်ပြုထားကြောင်း ၊ အမှန်နှင့်အမှားကို ပြောင်းပြန်လှန်ခဲ့ကြောင်း ၊ ကျင့်ဝတ်ဖောက်ဖျက်ကြောင်း နှင့် အကြမ်းဖက်မှုတန်ဖျက်တိုက်ဖျက်ရေးကိစ္စရပ်များတွင် စံနှုန်း ၂ ခုထား ကျင့်သုံးနေကြောင်း ၎င်းက ဆိုသည်။ အမေရိကန်၏ လုပ်ဆောင်ချက်များသည် နိုင်ငံတကာဆက်ဆံရေးအခြေခံစည်းမျဉ်းစည်းကမ်းများ နှင့် နိုင်ငံတကာဉပဒေကို လုံးဝချိုးဖောက်နေကြောင်း နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဆိုးဝါးစွာ ဝင်ရောက် စွက်ဖက်ခြင်းဖြစ်ကြောင်း Qin က မှတ်ချက်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အချုပ်အခြာအာဏာ ၊ လုံခြုံရေးကို ကာကွယ်ရန် သန္နိဌာန်ချထားကြောင်း နှင့် အကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်မှုသည် တည်ငြိမ်စွာ ရှိနေကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုဆက်ဆံရေးကို ပျက်ပြားစေရန် ၊ ရှင်းကျန်းဒေသ၏ အကျိုးစီးပွား နှင့် တည်ငြိမ်ရေးကို ပျက်ပြားစေရန် နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေရန် လုပ်ဆောင်သည့် မည်သည့် ကြိုးပမ်းချက်မျိုးမဆို အရှုံးဖြင့် အဆုံးသတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)