Connect with us

Politics, Law & Military

၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ ရဲအရာရှိပေါင်း ၃၆၁ ဦး တိုင်းပြည်အတွက် အသက်စွန့်ခဲ့

တရုတ်နိုင်ငံရဲတပ်ဖွဲ့ မှ ရဲမေများ ကမ်းခြေတွင် လုံခြုံရေး ကင်းလှည့်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

၂ဝ၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးရဲအရာရှိပေါင်း ၃၆၁ ဦးသည် တာဝန်ထမ်းဆောင်နေစဉ် တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရကြောင်း ၊ ၎င်းတို့အနက် ၂၄၆ ဦးမှာ အလုပ်အလွန်အကျွံ ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကွယ်လွန်ခဲ့သော ရဲအရာရှိ ၃၆၁ ဦးတို့၏ ပျမ်းမျှအသက်မှာ ၄၃.၅ နှစ်ဖြစ်ကြောင်း ၊ ပျမ်းမျှတစ်ဝက်မှာ ၎င်းတို့၏ ဘဝကို တရုတ်နိုင်ငံတွင်း၌ ကုန်ဆုံးစေခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှေ့တန်း၌ လုံခြုံရေးတာဝန်ယူထားသော ရဲတပ်ဖွဲ့ဝင်များ၏ အလုပ်လုပ်ချိန်သည် တစ်ရက်လျှင် ၁၃ နာရီ မှ ၁၅ နာရီထိ ရှိကြောင်း ၊ ယင်းသို့အလုပ် အလွန်အကျွံလုပ်ခြင်းမှာ စိုးရိမ်ဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်က ဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် ရဲအရာရှိများ၏ မိသားစုဝင်များအတွက် ခံစားခွင့် ပင်စင်ငွေကို တိုးမြှင့်ပေးခဲ့ကြောင်း နှင့် အသက်အာမခံစနစ်ကိုလည်း တိုးမြှင့်ထားပေးကြောင်း သိရသည်။ ထို့ပြင် ဌာနအနေဖြင့် ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးကုသခွင့် စားရိတ် နှင့် ၎င်းတို့၏ သားသမီးများအတွက် ထောက်ပံ့ရေးအစီအမံများကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။

သိပ္ပံ နှင့် နည်းပညာသုံး တန်ဆာပလာများကို ပိုမိုအသုံးပြုခြင်းဖြင့် ရဲအရာရှိများ၏ လုပ်အားကို လျှော့ချနိုင်ရန် ဝန်ကြီးဌာနက မီးမောင်းထိုးပြထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.