Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်က CPPCC လုပ်ငန်းကို တီထွင်ဆန်းသစ်မှု နှင့် လက်တွေ့ကျကျ လုပ်ဆောင်ရန် ညွှန်ကြား


ရှန်ဟိုင်း ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံ ဝမ်းယန် က တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အနေဖြင့် ခေတ်သစ်တွင် ဖွံ့ဖြိုးတိုးတက်မှု နှင့် တီထွင်ဆန်းသစ်မှု ကို လုပ်ဆောင်ရန် နှင့် ယင်းအား အောင်မြင်စွာကြိုးပမ်းအားထုတ်သွားရန် တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၏ သွင်ပြင်လက္ခဏာ နှင့် အတူ ဆိုရှယ်လစ်စနစ်သည် ခေတ်သစ်တစ်ခု ဆီသို့ထိုးဖောက်ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း ၊ CPPCC သည် ယခုအခါ မြင့်မားသော လိုအပ်ချက်ပေါင်းများစွာဖြင့်ကြုံတွေ့နေကြောင်း ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ဥက္ကဋ္ဌ ဝမ်းယန် က ရှန်ဟိုင်းမြို့သို့သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝမ်းက CPPCC လုပ်ငန်းဆောင်တာတွင် ၁၉ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက်၏ စိတ်ဓာတ် နှင့် ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာ နှင့်အတူ ဆိုရှယ်လစ်စနစ်ကို ဖြတ်ကျော်ဝင်ရောက်ခြင်းဆိုင်ရာ သမ္မတရှီကျင့်ဖိန် ၏ အဆိုအမိန့်အပေါ် လေ့လာသင်ယူရန် နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

CPPCC သည် ပြဿနာကို ဦးတည်ချဉ်းကပ်ခြင်းဖြင့် ရပ်တည်သွားရမည်ဖြစ်ကြောင်း ၊ အခြေအနေသစ်ကို သတိကြီးစွာ လေ့လာရမည်ဖြစ်ကြောင်း ၊ ပြဿနာသစ်များကို ဖြေရှင်းရမည်ဖြစ်ကြောင်း နှင့် အချိန်ဇယား နှင့် ရည်မှန်းချက်ပန်းတိုင်ကို ပိုမို စီမံသွားရမည်ဖြစ်ကြောင်း ဝမ်းက ဆိုသည်။

ဝမ်းယန်သည် ရှန်ဟိုင်း(Shanghai) ၊ ကျန်းဆု ( Jiangsu ) ၊ ကျဲ့ကျန်း ( Zhejiang ) နှင့် အန်းဟွေး ( Auhui) ပြည်နယ်များရှိ ဒေသခံ CPPCC ကော်မတီဝင်များမှ တင်ပြသော လုပ်ငန်းအစီရင်ခံစာကို ပြန်လည်သုံးသပ်ခြင်း နှင့် နားထောင်ခြင်းများ လည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.