Connect with us

Politics, Law & Military

ရုရှား နိုင်ငံ သမ္မတ နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ဧပြီလ ၅ ရက်နေ့တွင် ကရင်မလင် နန်းတော် ၌ တွေ့ဆုံခဲ့စဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က ဧပြီလ ၅ ရက်နေ့တွင် မော်စကို မြို့ရှိ ကရင်မလင် နန်းတော် ၌ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အထူးသံတမန် ၊ တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ် နှင့် ရုရှား နိုင်ငံ တို့သည် နှစ်နိုင်ငံ ၏ တစ်ခုတည်းသော ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုမိတ်ဖက် ဆက်ဆံရေး တည်ရှိသော နိုင်ငံများ ဖြစ်ကြပြီး နှစ်နိုင်ငံ အနေဖြင့် အရည်အသွေး မြင့်မား သည့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တည်ရှိကြောင်း ၊ နှစ်နိုင်ငံ ကိုယ်စီ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် တိုးမြှင့်နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ အနေဖြင့် နိုင်ငံတွင်း အရေးကြီး နိုင်ငံရေး အစီအစဉ် များ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ရာ တရုတ် နိုင်ငံ သမ္မတ အနေဖြင့် ရုရှား နိုင်ငံ သမ္မတ ပူတင် အား ဇွန်လပိုင်း တွင် The Shanghai Cooperation Organization(SCO) ချင်းတောင် ထိပ်သီး အစည်းအဝေး ကို တက်ရောက်ရန် နှင့် နိုင်ငံတော် အဆင့် အလည်အပတ် ခရီး လာရောက်ရန် ဖိတ်ခေါ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ပိုမိုနီးကပ် ပြီး နက်ရှိုင်းသည့် ညှိနှိုင်းဆောင်ရွက်မှု များ ဆောင်ရွက်ပြီး နိုင်ငံတွင်း လုံခြုံရေး နှင့် အမျိုးသား အကျိုးစီးပွား ကို ထိန်းသိမ်းကာ ဒေသတွင်း နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် ထိန်းသိမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ ဧပြီလ ၅ ရက်နေ့တွင် ကရင်မလင် နန်းတော် ၌ ဆွေးနွေးမှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က တရုတ် နိုင်ငံ တွင် အစည်းအဝေး နှစ်ရပ် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ခြင်း သည် တရုတ် နိုင်ငံ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် ဧကန်မုချ ပိုမို တည်ငြိမ်တိုးတက်လာ နိုင်မည် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့သည် ဆက်ဆံရေး လွန်စွာကောင်းမွန်ပြီး အိမ်နီးချင်း နိုင်ငံများလည်း ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုမိတ်ဖက် ဆက်ဆံရေး တည်ထောင် နိုင်ခဲ့ခြင်းမှာ ယာယီဆောင်ရွက်မှု တစ်ခု မဟုတ်ဘဲ နက်ရှိုင်းစွာ စဉ်းစားတွေးခေါ်၍ ဆုံးဖြတ်ခဲ့သည့် ရွေးချယ်မှု တစ်ခု ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် ယခုနှစ် ဇွန်လပိုင်း တွင် တရုတ် နိုင်ငံ သို့ သွားရောက်လည်ပတ်မည့် ခရီးစဉ် နှင့် ပတ်သက်၍ မျှော်လင့်နေပြီး တွေ့ဆုံမှု အမျိုးမျိုး မှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အနီးကပ် ဆက်ဆံရေး ကို ဆက်လက် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ၊ ရုရှား-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တွင် ပိုမိုကြီးမား သည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန် မျှော်လင့်ထားပြီး ယင်းမှာလည်း နှစ်နိုင်ငံ နှင့် နိုင်ငံတကာ အတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ် နိုင်ငံ ၏ နိုင်ငံတကာ နှင့် ဒေသတွင်း အရေးကြီး ကိစ္စရပ် များအပေါ် ထားရှိသည့် သဘောထား အမြင် များကို ရုရှား နိုင်ငံ သမ္မတ ပူတင် အား ပြောကြား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.