Connect with us

Politics, Law & Military

၂ဝ၁၉ ခုနှစ်တွင် တရုတ်နိုင်ငံလေတပ်က အမျိုးသမီးသင်တန်းသူ ၄ဝ ဦး ခေါ်ယူရန်ရှိ


ကွမ်ကျိုး ၊နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က လေတပ်အတွက် ၂ဝ၁၉ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌ အမျိုးသမီးသင်တန်းသူ (တိုက်လေယာဉ်မောင်း) ၄ဝ ဦးကို ခေါ်ယူလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း တပ်သားသစ်စုဆောင်းရေးဗျူရို၏ ပြောကြားချက်အရသိရသည်။

နိုင်ငံတစ်ဝန်းရှိ တပ်သားသစ်စုဆောင်းရေး ဗျူရို ၁၂ ခုတွင် အသက် ၁၇ နှစ် မှ ၂ဝ နှစ်အကြား ပညာအရည်အချင်း အထက်တန်းအဆင့်အောင်မြင်ပြီးသူ အမျိုးသမီးငယ်များအနေဖြင့် အမည်စာရင်းပေးသွင်းနိုင်ကြကြောင်း ဗျူရိုဒုတိယအကြီးအကဲ Fang Chuanhong က ဆိုသည်။

တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ တိုက်လေယာဉ်များ လေ့ကျင့်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ တိုက်လေယာဉ်များ လေ့ကျင့်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ တိုက်လေယာဉ်များ လေ့ကျင့်နေစဉ်(ဆင်ဟွာ)

ပြီးခဲ့သော သုံးနှစ်အတွင်း PLA လေတပ်အတွက် သင်တန်းသားသစ်လက်ခံရေးတွင် သတ်မှတ်အရည်အချင်းမြှင့်တင်ခဲ့ကြောင်း ၊ နိုင်ငံတစ်ဝန်းရှိ ကောလိပ်ဝင်ခွင့်အမှတ်တွင် တရုတ်နိုင်ငံ၏ ပထမ-ထိပ်တန်းအဆင့်တက္ကသိုလ်ဝင်ခွင့်အမှတ်ထိ ဝင်ခွင့်အဆင့်ကို တိုးမြှင့်ခဲ့ကြောင်း Fang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံလေတပ်သည် လေကြောင်းပျံသန်းရေးလေ့ကျင့်မှုတွင် ထိပ်တန်းတက္ကသိုလ်များနှင့်အတူ ပူးတွဲ၍ လေ့ကျင့်လျက် ရှိကြောင်း နှင့် ပူးတွဲလေယာဉ်မှူးများအဖြင့် ပထမစာရင်းဝင် လေ့ကျင့်ခဲ့ကြသူများ အနက် ၇၈ ရာခိုင်နှုန်းသည် ယခုအခါ တိုက်ပွဲဝင်အဆင့်ထိ ရောက်ရှိနေပြီဖြစ်ကြောင်း Fang ကပြောကြားခဲ့သည်။

ထို့ပြင် တရုတ်လေတပ်သည် နိုင်ငံရေးသဘောတရား ၊ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အရည်အချင်းစစ် စာမေးပွဲများ အောင်မြင်ပြီးသည့် အသက် ၂၄ နှစ်အောက် ဘွဲ့ရများကိုလည်း အမည်စာရင်းပေးသွင်းနိုင်ရန် ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.