Connect with us

Politics, Law & Military

သမ္မတ ရှီကျင့်ဖိန်က (၅)ကြိမ်မြောက် ကမ္ဘာ့အင်တာနက် ညီလာခံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(၅) ကြိမ်မြောက် ကမ္ဘာ့ အင်တာနက်ညီလာခံ ကျင်းပသည့် အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

ပေကျင်း၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

(၅)ကြိမ်မြောက် ကမ္ဘာ့ အင်တာနက် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၇ ရက်က ကျဲ့ကျန်း ပြည်နယ် ဝူးကျန့်တွင် ကျင်းပခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် သမ္မတရှီက ယနေ့ခေတ်ကမ္ဘာကြီးတွင် သိပ္ပံနည်းပညာ ၊စက်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲမှုများ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီသတင်း အချက်အလက်နည်းပညာများ အောင်မြင်မှုအသစ်တွေအဆက်မပြတ်ရရှိလာသည့်အလျောက် ဒီဂျစ်တယ်စီးပွားရေး(digital economy)သည်လည်း ဆထက်ထမ်းပိုး ဖွံ့ဖြိုးလာခဲ့ရာ နိုင်ငံအသီးသီး၏ အကျိုးစီးပွားများသည် ပို၍ နီးကပ်ဆက်စပ်လျက်ရှိကြောင်း ၊ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရန် အတွက် ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ကာ ကမ္ဘာလုံး ဆိုင်ရာ အင်တာနက် စီမံခန့်ခွဲမှုစနစ်မှတစ်ဆင့် ပို၍မှန်ကန်သော တရားမျှတသော ခြေလှမ်းကို လျှောက်လှမ်းနိုင်ဖို့ တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် သမ္မတရှီက ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံရေးအခြေအနေ၊ အင်တာနက်ဖွံ့ဖြိုးပုံအခြေအနေ နှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအခြေအနေများ တူညီမှုမရှိသော်လည်း ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးအောင် တွန်းအားပေးလုပ်ဆောင်လိုသည့်ဆန္ဒ၊ အင်တာနက်လုံခြုံရေးစိန်ခေါ်မှုကို ဖြေရှင်းရန် နှင့် အင်တာနက် စီမံခန့်ခွဲမှု မြှင့်တင်ရန် လိုအပ်ချက်များ တူညီကြကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ကာ အတူတိုးတက် အတူ အကျိုးဖြစ်ထွန်းလိုသည့် ရည်မှန်းချက်ဖြင့် အပြန်အလှန်ယုံကြည်မှုနှင့်အတူစီမံနိုင်မည့် လမ်းစဉ်ကို လျှောက်လှမ်းသင့်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့နောက် ယခုကျင်းပသည့် ကမ္ဘာ့ အင်တာနက်ညီလာခံသည် “အပြန်အလှန် ယုံကြည်မှုနှင့် အတူ စီမံခန့်ခွဲမှုပါဝင်သည့် ဒီဂျစ်တယ်ကမ္ဘာကြီးကိုတည်ဆောက်ကာ ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်း ဆီသို့ လျှောက်လှမ်းစို့ ”ဟူသော ဆောင်ပုဒ်နှင့်ကျင်းပခြင်းဖြစ်ရာ အများအကျိုးအတွက် အားလုံးအတူ ဆွေးနွေးတိုင်ပင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဒီဂျစ်တယ်ကမ္ဘာကြီးတည်ဆောက်ကာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပြည်သူအများ၏အကျိုးကို ဆောင်ကျဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.