Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်သည် ပါပူဝါနယူးဂီနီ ၊ ဘရူနိုင်း နှင့် ဖိလစ်ပိုင် နိုင်ငံများသို့သွားရောက်လည်ပတ်ခြင်းနှင့်အတူ APEC အစည်းအဝေး တက်ရောက်ရန်ရှိ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၅ ရက် မှ ၂၁ ရက်အထိ ပါပူဝါနယူးဂီနီ ၊ ဘရူနိုင်း နှင့် ဖိလစ်ပိုင်နိုင်ငံများသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက် မှ ၁၈ ရက်အထိ ပါပူဝါနယူးဂီနိုင်ငံ ပို့မိုရက်စ်ဘီမြို့( Port Moresby) ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(APEC) ခေါင်းဆောင်များ၏ အစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရှီ၏ ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ယနေ့နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတရှီ၏ ပါပူဝါနယူးဂီနီခရီးစဉ်အတွင်း ၎င်းသည် တရုတ်နိုင်ငံနှင့်သံတမန်ဆက်ဆံရေးထူထောင်ထားသည့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သမ္မတရှီသည် ပါပူဝါနယူးဂီနီနိုင်ငံ ဘုရင်ခံ Bob Dadae ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ပြီး ၎င်းသည် နယူးဂီနီနိုင်ငံဝန်ကြီးချုပ် Peter O’Neilll ၊ ဘရူနိုင်းနိုင်ငံဘုရင် ဆူလတန်ဟက်ဆန်နယ်ဘိုကီးယား နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးတို့နှင့်အတူ APEC အစည်းအဝေးကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)