Connect with us

Politics, Law & Military

၂၀၁၈ ခုနှစ်အတွင်း ရုရှားနိုင်ငံနှင့် အပြန်အလှန် ယုံကြည်ရန်၊ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ်တွင် ရုရှားနိုင်ငံနှင့်အတူ နိုင်ငံရေးအရ ပေါင်းစည်းမှုရှိခြင်းနှင့် မဟာဗျူဟာကျသော အပြန်အလှန် ယုံကြည်ခြင်း၊ နယ်ပယ်စုံတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းဖြင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်အား ဒီဇင်ဘာလ ၃၁ ရက်က ပြောကြားခဲ့သည်။

သမ္မတ ရှီက ရုရှားနိုင်ငံ သမ္မတ ပူတင်ထံသို့ ပေးပို့သည့် နှစ်သစ် နှုတ်ခွန်းဆက်သဝဏ်လွှာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါ သဝဏ်လွှာတွင် တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား သမ္မတ ရှီက ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် ပြည်သူများထံသို့ နှုတ်ခွန်းဆက်စကားများနှင့် ဆုမွန်ကောင်းများ ပေးပို့လိုက်သည်။

တရုတ်နို်င်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ နိုင်ငံတကာ မဟာဗျူဟာကျသော ညှိနှိုင်းဆွေးနွေးမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အသီးအပွင့်သစ်များ ရှိစေရန်အတွက် လုပ်ဆောင်သွားလိုကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် သမ္မတ ရှီက ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်သည် နှစ်နိုင်ငံ ပြည်တွင်းအဆင့်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးနှစ်များ ဖြစ်လာမည် ဖြစ်ကြောင်း၊ ယင်း ကဏ္ဍများသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ဒေသတွင်း ဖလှယ်မှုများအတွက် အသေအချာ မြှင့်တင်ပေးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ကာလရှည်ကြာ ရင်းနှီးချစ်ကြည်မှု မျှဝေခြင်း၊ ဘုံဖွံ့ဖြိုးတိုးတက်မှုှနှင့် ကြွယ်ဝချမ်းသာမှု ရှာဖွေခြင်းစသည့် လူကြိုက်များသော အတွေးအခေါ်သစ် ကြီးထွားရေးအတွက် အကူအညီဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဖြတ်သန်းခဲ့ပြီးသော နှစ်အတွင်း တရုတ်-ရုရှား ကျယ်ပြန့်သော မဟာဗျူဟာကျ ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသော တိုးတက်မှုကို မြင်တွေ့ခဲ့ရကြောင်း ရှီက ဆိုသည်။

ဆက်လက်၍ တရုတ်နိုင်ငံ သမ္မတ ရှီက နှစ်နိုင်ငံ၏ မဟာဗျူဟာကျပြီး အဓိက စီမံကိန်းများဖြစ်သော တီထွင်ဆန်းသစ်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေး၊ ပြည်သူအချင်းချင်းနှင့် မီဒီယာဖလှယ်မှုများ စသည်တို့၌လည်း တိုးတက်အောင်မြင်နေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများ၌ နီးကပ်ပြီး ထိရောက်မှုရှိသော စေ့စပ်ညှိနှိုင်းမှုအား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအား ကိုင်တွယ်ရာတွင်လည်း အရေးပါသော ထောက်ပံ့မှု ပြုလုပ်ခဲ့ကြကြောင်း သမ္မတ ရှီက နှုတ်ခွန်းဆက် သဝဏ်လွှာ၌ ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.