Connect with us

Politics, Law & Military

တရုတ် နှင့် အာဖဂန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်မှုအတွက်ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (ဝဲ)တို့ ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၅ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် တရုတ်-အာဖဂန်နစ္စတန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲသို့ တက်ရောက်ရန် ရောက်ရှိလာသော အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာလာဟတ်ဒင် ရက်ဘာနီ နှင့် ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၅ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝမ် က ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှုတွင် အရေးပါသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာ လမ်းစဉ်များတွင် အာဖဂန်နစ္စတန်နိုင်ငံ နှင့် ပူးတွဲကာ ပူးပေါင်းဆောင်ရွက်မှုများကို ဖြန့်ကျက်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကို ပေကျင်းမြို့၌ ဒီဇင်ဘာ ၂၆ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝမ်က အဆိုပါ အစည်းအဝေးပွဲသည် အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်အကြား ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုကို တည်ဆောင်ပေးရန် ရည်ရွယ်ပြီး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နှစ်နိုင်ငံသည် ယုံကြည်မှုတည်ဆောက်ပြီး နားလည်မှုနှင့် ရင်းနှီးစွာဆက်ဆံရေးတို့ကို မြှင့်တင်သွားရန် တိုက်တွန်းခဲ့သည်။

ရက်ဘာနီက တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၏ အမြဲတမ်းယုံကြည်ရသော မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရန် နှင့် အချင်းချင်းချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံ နှင့် စွမ်းအင်ကဲ့သို့သော ကဏ္ဍများတွင် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် အဆင်သင့်ဖြစ်နေကြောင်းပြောကြားခဲ့သည်။

၎င်းက သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှတစ်ဆင့် ခိုင်မာသည့် နိုင်ငံရေးယုံကြည်ချက်များရရှိပြီး ဖွံ့ဖြိုးတိုးတက်မှု နှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ပူးတွဲ တုံ့ပြန်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.