Connect with us

Politics, Law & Military

၂၀၁၈ ခုနှစ် အတွင်း တရုတ် နိုင်ငံ ကွမ်ရှီး ဒေသ ရှိ ဆင်းရဲနွမ်းပါသူ ၁ သန်းကျော် ကို ဆင်းရဲခြင်း မှ လွတ်မြောက်ရန် ဆောင်ရွက်မည်

တရုတ် နိုင်ငံ တွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်း ဆောင်ရွက်မှု တစ်ခု ဖြစ်သည့် အခြေခံ အဆောက်အဦ ပြောင်းလဲမှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နန်နင် ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွမ်ရှီး ရှိ ကျွမ်းလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အစိုးရ က လတ်တလော ရက်ပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ယခုနှစ် အတွင်း ဒေသတွင်း လွန်စွာ ဆင်းရဲ သည့် နေရာ များအား အဓိက ထား၍ ကုန်ထုတ်လုပ်ရေး အကူအညီ ၊ အခြေခံ အဆောက်အဦ တည်ဆောက်မှု နှင့် ကွမ်တုန်း-ကွမ်ရှီး ဆင်းရဲနွမ်းပါးမှု ကူညီရေး ပူးပေါင်းဆောင်ရွက်မှု တို့အား ဆောင်ရွက်ပေးသွားပြီး လူပေါင်း ၁.၁၅သန်း အား ဆင်းရဲခြင်း မှ လွတ်မြောက်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆင်းရဲနွမ်းပါးမှု ကူညီရေး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ရန်ဟုန်ပေါ က နိုင်ငံတော် စာရင်းချုပ်ရုံး ၏ စာရင်းပြုစုချက်အရ ၂၀၁၇ ခုနှစ် တွင် ကွမ်ရှီး ဒေသ တွင် လူပေါင်း ၉ သိန်းခွဲ ဆင်းရဲခြင်း မှ လွတ်မြောက် နိုင်ခဲ့ကြောင်း ၊ ဆင်းရဲမှု ဖြစ်ပွား နိုင်ခြေသည်လည်း ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ၅.၇ ရာခိုင်နှုန်း သို့ ရောက်ရှိလာခဲ့ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၈ ခုနှစ် အတွင်း ကွမ်ရှီး တွင် ဆင်းရဲခြင်း မှ လွတ်မြောက်ရေး စံနမူနာ အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆင်းရဲခြင်း လွတ်မြောက်ရေး ဆောင်ရွက်မှု ဝန်ထမ်းများ ပြုစုပျိုးထောင်မှု ပြုလုပ်ကာ ကုန်ထုတ်လုပ်မှု အကူအညီများ ၊ အခြေခံအဆောက်အဦ တည်ဆောက်မှုများ ၊ ဆင်းရဲသည့် ဒေသရှိ လူများအား သွားလာရ လွယ်ကူသည့် ဒေသ သို့ ရွေ့ပြောင်းပေးခြင်းများ ၊ ရွားလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ နှင့် ကွမ်တုန်း-ကွမ်ရှီး ဆင်းရဲနွမ်းပါးမှု ကူညီရေး ပူးပေါင်းဆောင်ရွက်မှု တို့ကို ဆောင်ရွက်ကာ ကျေးရွာ ၁,၄၅၀ ရွာ နှင့် ဒေသ ၁၄ ခု ကို ဆင်းရဲခြင်း မှ လွတ်မြောက်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)