Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ အထူး ကိုယ်စားလှယ် နှင့် UAE နိုင်ငံ အဘူဒါဘီ အိမ်ရှေ့မင်းသား တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ် ယန်ကျဲ့ချီ နှင့် UAE နိုင်ငံ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

အဘူဒါဘီ ၊ မတ် ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ် ၊ တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဗျူရို ကော်မတီဝင် ၊ ဗဟိုကော်မတီ နိုင်ငံတကာ လုပ်ငန်းကော်မတီရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) နှင့် UAE နိုင်ငံ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် တို့က ဧပြီလ ၃၀ ရက်နေ့ တွင် အဘူဒါဘီ မြို့တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း ယန်ကျဲ့ချီ က တရုတ် နိုင်ငံ အနေဖြင့် UAE နှင့် ဆက်ဆံရေး ကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ ဆက်ဆံရေး အား အရှေ့အလယ်ပိုင်း နိုင်ငံခြားရေး တွင် ဦးစားပေး ဆောင်ရွက် ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး မှာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာကာ ပူးပေါင်းဆောင်ရွက်မှု ၏ အသီးအပွင့်များ မှာလည်း လွန်စွာ ထင်းရှာကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် UAE နှင့် ကဏ္ဍအသီးသီး လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှု ကို တိုးမြှင့်သွားလိုပြီး လူမှုရေး နှင့် ယဉ်ကျေးမှု အနီးကပ် ဖလှယ်မှု ထားရှိသွားလိုကြောင်း ၊ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ကို မြှင့်တင်သွားလိုပြီး ခေတ်သစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး အား ဖွံ့ဖြိုးတိုးတက်မှု များ ပိုမို ရရှိအောင် တွန်းအားပေး ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ယန်ကျဲ့ချီ က တရုတ် နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် UAE ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ကို ချိတ်ဆက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ အနီးကပ် စောင့်ကြည့်မှု နှင့် တွန်းအားပေး ဆောင်ရွက်မှု အောက်တွင် နှစ်နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေးအား တိုးမြှင့်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်းစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

UAE နိုင်ငံ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် က UAE နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ကို လွန်စွာ ချီးမွမ်း ပြီး တရုတ် နိုင်ငံ နှင့် ထားရှိသည့် အထူးချစ်ကြည် ဆက်ဆံရေး ကို အလေးထားကြောင်း ၊ UAE နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ညှိနှိုင်းဆက်သွယ်မှု ကို မြှင့်တင်သွားလိုပြီး နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် သဘောတူညီမှု များကို ကောင်းမွန်စွာ အကောင်အထည် ဖော်သွားလိုကြောင်း ၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အား ပိုမို မြင့်မား သည့် အဆင့် သို့ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအား ပေး ဆောင်ရွက်သွားလိုကြောင်း ပြေကြား ခဲ့သည်။

ယန်ကျဲ့ချီ အနေဖြင့် ဧပြီလ ၃၀ ရက်နေ့ တွင် UAE နိုင်ငံ နိုင်ငံခြားရေး နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးဌာန ဝန်ကြီး အဗ္ဗဒူလာ နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.