Connect with us

Politics, Law & Military

၂၀၁၉ ခုနှစ်အတွင်း ထိပ်တန်းကမ္ဘာ့သတင်း ကောက်နုတ်ချက် ၁၀ ခု

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့တွင် ဆန္ဒပြမှု၌ ပါဝင်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနက ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ထိပ်တန်းသတင်း ကောက်နုတ်ချက် ၁၀ ခုကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

(၁) လက်တင်အမေရိကအတွင်း ကသောင်းကနင်းဖြစ်မှုက အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် ရောင်ပြန်ဟပ်

ဇန်နဝါရီလတွင် ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် (Juan Guaido) က “ကြားဖြတ်သမ္မတ” အဖြစ် ကိုယ်တိုင်ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံ၏ စွက်ဖက်မှုကြောင့် ဗင်နီဇွဲလားနိုင်ငံတစ်ဝန်း တင်းမာမှုများလည်း မြင့်တက်ခဲ့သည်။

စက်တင်ဘာလတွင် ပီရူးနိုင်ငံ သမ္မတ Martin Vizcarra က ဥပဒေပြုလွှတ်တော်နှင့် အစိုးရကြား ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်တွေ့မှုကြောင့် ဖြစ်ပေါ်လာသော လွှတ်တော်အရေးကိစ္စကို ရုပ်သိမ်းပေးနိုင်ခဲ့သည်။

အောက်တိုဘာလ၌ အီကွေဒေါနိုင်ငံနှင့် ချီလီနိုင်ငံတွင် အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည်။ အီကွေဒေါနိုင်ငံ သမ္မတ Lenin Moreno က ၎င်း၏ အစိုးရကို မြို့တော် ကွီတိုမှ အရှေ့တောင်ဘက်ရှိ ဂွာယာကွီမြို့သို့ ရွှေ့ပြောင်းခဲ့သည်။ ချီလီနိုင်ငံကလည်း အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး အိမ်ရှင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

အောက်တိုဘာလကုန်ပိုင်းတွင် ဘိုလီးဗီးယားနိုင်ငံ၌ လူမှုရေးမငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ပြီး သမ္မတ Evo Morales ရာထူးမှဆင်းပေးခဲ့သည်။ နိုဝင်ဘာလတွင်မူ ကိုလံဘီယာနိုင်ငံ၌ နိုင်ငံတစ်ဝန်း သပိတ်မှောက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

(၂) ကမာ္ဘလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကူအညီများဖြင့် Black hole ၏ ပထမဆုံးပုံရိပ်ကို ဖမ်းယူ

ဧပြီလ ၁၀ ရက်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Event Horizon Telescope က Black hole ၏ ပထမဆုံးပုံရပ်ကို ဖမ်းယူနိုင်ခဲ့သည်။ 

အဆိုပါ ပုံရိပ်ကို အလယ်တွင် အမည်းရောင်အပိုင်းကို တောက်ပသောအဝိုင်းက ပတ်ထားသည့် ဒိုးနတ် (donut) ပုံစံဖြင့် မြင်တွေ့ရသည်။ 

၎င်းပုံရိပ်ဖမ်းယူခြင်း အစီအစဉ်တွင် တရုတ်နိုင်ငံသား သိပ္ပံပညာရှင်များ အပါအဝင် သိပ္ပံပညာရှင် ၂၀၀ ကျော် ပါဝင်ခဲ့သည်။ ယင်းသည် Black hole များရှိကြောင်း လူသားများမှ ပထမဆုံး တိုက်ရိုက်မြင်တွေ့ရသည် မျက်မြင်သက်သေပင်ဖြစ်ပြီး ထူးကဲသောအခြေအနေများရှိနေသေးကြောင်း အိုင်းစတိုင်း၏ နှိုင်းရသီအိုရီကို အတည်ပြုပေးနေခြင်း ဖြစ်သည်။

(၃) မတည်ငြိမ်မှုဖြစ်သော အရှေ့အလယ်ပိုင်းတွင် ခက်ခဲသောအခြေအနေနှစ်ရပ်

အမေရိကန်နိုင်ငံမှ ဖိအားများဖြင့်တက်လာမှုအောက်တွင် အီရန်နိုင်ငံသည် မေလကစ၍ ပူးတွဲဘက်စုံလှုပ်ရှားမှု အစီအစဉ်အဖြစ် လူသိများသော ၂၀၁၅ နျူကလီးယား သဘောတူညီချက် ကတိကဝတ် အကောင်အထည်ဖော်မှုအပိုင်းများကို ဖြည်းဖြည်းချင်း ရပ်နားခဲ့သည်။ တစ်ချိန်တည်းမှာပင် ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘောများကို တိုက်ခိုက်ခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းနှင့် အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စင်းကို ပစ်ချခြင်းများ လုပ်ဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံဘက်ကလည်း အီရန်ကိုဆန့်ကျင်ရေး အင်အားသုံးရန် တစ်ကြိမ်ခြိမ်းခြောက်မှုလုပ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်တွင် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းခဲ့သည်။ အောက်တိုဘာ ၉ ရက်တွင်မူ Syrian Kurdish People’s Protection Units ဆန့်ကျင်ရေး Operation Peace Spring ကို  လုပ်ဆောင်ခဲ့သည်။

(၄) တရုတ်နိုင်ငံ နိုင်ငံတော်အကြီးအကဲ၏ သံခင်းတမန်ခင်း ပွင့်လင်းလာခြင်း 

ဇွန်လတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သံတမန်သမိုင်း မှတ်တိုင်းတစ်ခု ချမှတ်သည့်အနေဖြင့် ပြည်ပခရီးစဉ် လေးခု သွားရောက်ခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း သမ္မတ ရှီသည် ပြည်ပခရီးစဉ်ပေါင်း ၇ ခု သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ၌လည်း အဓိက သံတမန်ရေးရာပွဲ လေးခု၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ 

ကမ္ဘာကြီးအနေဖြင့် ရာစုနှစ်တစ်ခုအတွင်း တွေ့ရခဲသော အကြီးအကျယ်ပြောင်းလဲမှုမှတစ်ဆင့် သွားနေသောကြောင့် တရုတ်နိုင်ငံ နိုင်ငံတော်အကြီးအကဲ၏ သံခင်းတမန်ခင်းက ကမ္ဘာ့ငြိမ်းချမ်းရေး ကာကွယ်ခြင်း၊ ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းနှင့် နိုင်ငံစုံပါဝင်ရေးဝါဒ စောင့်ထိန်းခြင်းများအတွက် အကူအညီဖြစ်စေခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်သည်လည်း မိတ်ဆွေများနှင့် မိတ်ဖက်များ ပိုမိုရရှိခဲ့ကာ လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေး ရူပါရုံလည်း ရရှိခဲ့သည်။ တာဝန်ယူမှုရှိသော အဓိကနိုင်ငံတစ်ခုအဖြစ် တရုတ်နိုင်ငံ၏ ပုံရိပ်ကို ကမ္ဘာတစ်ဝန်း ကျယ်ပြန့်စွာ အသိအမှတ် ပြုလာခဲ့သည်။ 

(၅) AfCFTA လုပ်ငန်းလည်ပတ်ရေးဆိုင်ရာအဆင့်ကို အာဖရိက စတင်လုပ်ဆောင်

ဇူလိုင်လ ၇ ရက်တွင် အာဖရိကန်သမဂ္ဂ (AU) အဖွဲ့ဝင်နိုင်ငံနှင့် အစိုးရ ခေါင်းဆောင်များက နိုင်ဂျာနိုင်ငံ မြို့တော် နီယာမေတွင် ပြုလုပ်သော ၁၂ ကြိမ်မြောက် အထူးထိပ်သီးအစည်းအဝေး၌ ရရှိခဲ့သည့် အာဖရိကတိုက်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (AfCFTA) သဘောတူညီချက် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာအဆင့်ကို အာဖရိကန် ခေါင်းဆောင်များက စတင်လုပ်ဆောင်ခဲ့သည်။

(၆) ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း ဆယ်စုနှစ်တစ်ခု ကျဆင်း 

နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) က ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုခန့်မှန်းချက်ကို သုံးရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ၎င်းခန့်မှန်းချက်မှာ ၂၀၀၈ ခုနှစ် နိုင်ငံတကာငွေကြေးအကျပ်အတည်းကာလ ကစ၍ အနိမ့်ဆုံးအဖြစ်ရောက်ရှိမည်ဖြစ်သည်။ သို့ရာတွင် IMF မန်နေဂျင်းဒါရိုက်တာ ခရစ္စတယ်လီနာ ဂျော်ဂျီဗာ (Kristalina Georgieva) က တရုတ်နိုင်ငံ၏ တိုးတက်မှုနှုန်းမှာ ရည်မှန်းထားသည့်နှုန်းအတွင်း ဆက်လက်ရှိနေမည်ဟု ပြောကြားခဲ့သည်။

(၇) Brexit ကြန့်ကြာနေခြင်းက ဒီမိုကရေစီ အနောက်နိုင်ငံများ၏ အခြေခံဥပဒေဆိုင်ရာ ချို့ယွင်းချက်များကို ဖော်ပြနေ

အောက်တိုဘာလ ၂၈ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ခြင်း (Brexit) နေ့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ရွှေ့ဆိုင်းရန် ဗြိတိန်၏တောင်းဆိုမှုကို ဥရောပသမဂ္ဂက လက်ခံခဲ့သည်။ ယင်းသို့ ရွှေ့ဆိုင်းမှုသည် တတိယအကြိမ်မြောက်ဖြစ်သည်။

ဗြိတိန်ပါလီမန်တွင် Brexit သဘောတူညီချက် အကြိမ်ကြိမ် ပယ်ချခံရပြီးနောက် ထရီဆာမေ (Theresa May) လည်း ဗြိတိန်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ယင်းနောက် မေ၏နေရာတွင် ဘောရစ်ဂျွန်ဆင် (Boris Johnson) တက်လာကာ မဆုတ်သာမတိုးသာအခြေအနေဖြစ်နေသော Brexit ကို ချိုးဖျက်ရေးအတွက် ဒီဇင်ဘာ ၁၂ ရက်တွင် အစောပိုင်းရွေးကောက်ပွဲ ပြုလုပ်ရန် တွန်းအားပေးခဲ့သည်။

ဂျွန်ဆင်ဦးဆောင်သော ကွန်ဆာဗေးတစ်ပါတီက ရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ နေရာအများစု ရရှိခဲ့သည်။

(၈) RCEP ကျော်လွှားမှုက နိုင်ငံစုံပါဝင်မှုဝါဒကို မြှင့်တင်ပေး

နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒေသတွင်း စီးပွားရေးမိတ်ဖက် (RCEP) အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တတိယအကြိမ်မြောက် RCEP ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် စာသားအားဖြင့် ဆွေးနွေးညှိနှိုင်းမှုများနှင့် မရှိမဖြစ် ဈေးကွက်အားလုံးဝင်ရောက်မှုများကို အဆုံးသတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် လူဦးရေအများဆုံး၊ ကွဲပြားမှုအများဆုံး အဖွဲ့ဝင်ဖြစ်မှုပုံစံများနှင့် ကမ္ဘာကြီးတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာအများဆုံး ဖြစ်သော အရှေ့အာရှကုန်သွယ်မှုဧရိယာတစ်ခု တည်ဆောက်ရာတွင် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

RCEP ကို အရှေ့တောင်အာရှနိုင်ငံများအသင်းဝင် ၁၀ နိုင်ငံက အဆိုပြုခဲ့ပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အိန္ဒိယ စသည့်နိုင်ငံများကို ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ 

တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ဖြစ်ပွားနေသော်လည်း RCEP ကျော်လွှားမှုသည် နိုင်ငံစုံပါဝင်မှုဝါဒနှင့် လွတ်လပ်သော ကုန်သွယ်မှုများက ကမ္ဘာကြီးတွင် အဓိကကျသော အင်အားများအဖြစ် ကျန်ရှိနေကြောင်း ဖော်ပြလျက်ရှိသည်။

(၉) တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးမှုများက ခိုင်မာသော တိုးတက်မှုကို ပေးအပ်လျက်ရှိ 

ဒီဇင်ဘာလ ၁၃ ရက်တွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ညီမျှပြီး အပြန်အလှန်လေးစားမှုရှိသော စည်းမျဉ်းတစ်ခုအခြေခံထားသည့် စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက် ပထမအဆင့် ပြဌာန်းချက်ကို သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံဘက်က ကြေညာခဲ့သည်။

လွန်ခဲ့သည့်နှစ်အတွင်း တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများသည် အကွေ့အကောက် အလှည့်အပြောင်းများ ရှိခဲ့သည်။ ဇွန်လတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ တွေ့ဆုံခဲ့ပြီး ညီမျှမှုနှင့် အပြန်အလှန် လေးစားမှုကိုအခြေခံသည့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် သဘောတူခဲ့ကြသည်။ 

ယင်းနောက် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုအဖွဲ့များက နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီမှုများကို အကောင်အထည်ဖော်ခဲ့ကာ တစ်နိုင်ငံချင်းစီ၏ အရေးကြီးသော စိုးရိမ်ပူပန်များကို သင့်တင့်လျောက်ပတ်စွာ အကြောင်းကြားရန် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ 

(၁၀) ထရမ့်၏ စွပ်စွဲပြစ်တင်ခံရမှုတိုက်ပွဲက အမေရိကန် နိုင်ငံရေးပါတီဝင်များအကြားပဋိပက္ခကို အရှိန်မြင့်တက်စေ

ဒီဇင်ဘာ ၁၈ ရက်တွင် ဒီမိုကရက်ဦးဆောင်သည့် အမေရိကန်အောက်လွှတ်တော်က သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်သော စွပ်စွဲချက်နှစ်ချက်ကို ခွင့်ပြုခဲ့သည်။ ထရမ့်အား အာဏာအလွဲသုံးစားလုပ်မှုနှင့် လွှတ်တော်ကို ဖျက်လိုဖျက်ဆီးလုပ်မှုများဖြင့် စွပ်စွဲထားခြင်းဖြစ်သည်။

ထရမ့်သည် အမေရိကန်သမိုင်းတစ်လျှောက် စွပ်စွဲပြစ်တင်ခံရသည့် တတိယမြောက် သမ္မတဖြစ်လာခဲ့ပြီး ၎င်းအနေဖြင့် မှားယွင်းသောလုပ်ဆောင်မှုများကို ငြင်းဆိုခဲ့ကာ ဒီမိုကရက်များက အာဏာအလွဲသုံးစားလုပ်ခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ထရမ့်က ယူကရိန်းသမ္မတထံ ဖုန်းခေါ်ဆိုမှုမှုကြောင့်ဖြစ်ပေါ်လာသည့် စွပ်စွဲပြစ်တင်မှုသည် ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလစ်ကန်ပါတီအကြား ပါတီဝင်များ အားပြိုင်မှုအတွက် နောက်ထပ် တိုက်ပွဲနေရာတစ်ခုဖြစ်လာကာ နိုင်ငံရေးပါတီဝင်များ ပဋိပက္ခနှင့် နိုင်ငံရေးအငြင်းပွားမှု အဆင့်သစ်သို့ ဝင်ရောက်ကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။ 

ထရမ့်၏ စွပ်စွဲပြစ်တင်ခံရမှုသည် ၂၀၂၀ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသော လွှမ်းမိုးမှု ရှိလာမည်ဟု မျှော်မှန်းထားကြသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.