Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က CPPCC အမျိုးသားကော်မတီတွင်ကျင်းပသည့် နှစ်သစ်ကူးတွေ့ဆုံပွဲ၌ မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှစ်သစ်ကူး မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အမျိုးသားကော်မတီတွင်  နှစ်သစ်ကူးတွေ့ဆုံပွဲ အခမ်းအနားတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ယင်းအခမ်းအနားတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ လည်းဖြစ်သူ သမ္မတရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှစ်သစ်ကူး မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ(CPPCC) အမျိုးသားကော်မတီတွင်ကျင်းပသည့် နှစ်သစ်ကူးတွေ့ဆုံပွဲ အခမ်းအနားတက်ရောက်လာကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများဖြစ်သော လီခဲ့ချန်(Li Keqiang) ၊ လီကျန်ဆူး(Li Zhanshu) ၊ ဝမ်းယန်(Wang Yang) ၊ ဝမ်ဟုနင်း(Wang Huing) ၊ ကျိုလဲ့ကျိ (Zhao Leji) နှင့် ဟန့်ကျိန်း (Han Zheng) တို့သည် ကွန်မြူနစ်ပါတီဝင်များ မဟုတ်သော အခြားအဖွဲ့အစည်းများမှ အဆင့်မြင့်အဖွဲ့ဝင်များ ၊ All-China Federation of Industry and Commerce မှ ခေါင်းဆောင်များ ၊ နိုင်ငံရေးပါတီမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် အလွှာအသီးသီးမှ ပြည်သူများနှင့်အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတရှီကျင့်ဖိန်က အားလုံးကလေးစားရသော အတော်အတန်ပြည့်စုံ ကြွယ်ဝသည့်  အသိုက်အဝန်းတစ်ခုဖြစ်အောင် တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံသားများအနေဖြင့် လုံးလအပြည့်ဖြစ် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံးသည် တရုတ်ကွန်မြူနစ်ပါတီကို ဝန်းရံ၍ CPC ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံရေး အခွင့်အလမ်းများ ရရှိခဲ့ကြောင်း နှင့် တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်စနစ် ယန္တရားတိုးတက်ခိုင်မာအောင်ဆောင်ရွက်ခဲ့ကြောင်း ရှီက ဆိုသည်။

၂၀၁၉ ခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့် အခါသမယဖြစ်ရာ အားလုံးကလေးစားရသော အတော်အတန်ပြည့်စုံ ကြွယ်ဝသည့်  အသိုက်အဝန်း တည်ဆောက်ရာတွင် ယုံကြည်ချက်အပြည့်ဖြင့် အောင်မြင်မှုများကို ဆောင်ကြဉ်းခဲ့သည့် အရေးပါသောနှစ်တစ်နှစ်ဖြစ်ကြောင်း ရှီက ဆက်လက်ပြောကြားခဲ့ပြီး “ ခက်ခဲသောအရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့အတူကွလက်တွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် အလုပ်ကြိုးပမ်းအားထုတ်မှု များစွာပြုလုပ်ခဲ့သည့်အတွက် အသီးအပွင့်များစွာကို ခံစားခဲ့ရကြောင်း” လည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်းကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင်  အဖွဲ့ဝင်ဦးရေကို ၂,၂၁၇ ဦးထိ တိုးမြှင့်နိုင်ခဲ့ကြောင်း ရှီက ဆိုသည်။ ၂၀၂၀ ပြည့်နှစ်သည် အားလုံးကလေးစားရသော အတော်အတန်ပြည့်စုံ ကြွယ်ဝသည့်  အသိုက်အဝန်းတည်ဆောက်ရန်အတွက် နှစ်တစ်နှစ်ဖြစ်ပါကြောင်း နှင့် (၂၀၁၆-၂၀၂၀) ၁၃ ကြိမ်မြောက် ၅ နှစ်စီမံကိန်း အဆုံးသတ်နှစ်လည်းဖြစ်ကြောင်း ရှီက အသိပေးပြောကြားခဲ့သည်။

သမ္မတရှီက ဟောင်ကောင် နှင့် မကာအို ဒေသ တည်ငြိမ်ရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းရေးကို ထိန်းသိမ်းရန်ကြိုးပမ်းအားထုတ်သွားမည့်အကြောင်း ကတိပြုပြောကြားခဲ့ပြီး ၁၉၉၂ ခုနှစ်ကချမှတ်ခဲ့သော သဘောတူညီချက်ကို အခြေခံ၍ ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း နှင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာရေးအတွက် သစ်လွင်သောပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဆိုသည်။

လွန်ခဲ့သော နှစ်များအတွင်း CPPCC သည် CPC ဗဟိုကော်မတီက ချမှတ်သော ဆုံးဖြတ်ချက် နှင့် အစီအစဉ်များကိုအပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း နှင့် နိုင်ငံ နှင့် ပါတီ တိုးတက်ရေးအတွက် အရေးပါသောပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရှီက ဆိုသည်။

နှစ်သစ်ကူးတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင် နှင့် CPPCC အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်(Wang Yang) က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့ပြင် အခြားတက်ရောက်လာသော အဖွဲ့အစည်းအသီးသီးများကိုယ်စား Jiusan Society ဗဟိုကော်မတီဥက္ကဋ္ဌ Wu Weihua က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)