Connect with us

Politics, Law & Military

တရုတ်-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင် တို့ က အပြန်အလှန် နှစ်သစ်ကူး ဆုမွန်ကောင်းတောင်း စကား ပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့ လက်ဆွဲ နှုတ်ဆက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့ က ဒီဇင်ဘာ ၃၁ ရက် တွင် ဖုန်း ဖြင့် အပြန်အလှန် နှစ်သစ်ကူး ဆုမွန်ကောင်းတောင်း စကား ပြောကြား ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နှစ်သစ်ကူး ဆုမွန်ကောင်းတောင်း စကား ပြောကြား ရာတွင် ၂၀၁၉ ခုနှစ် က တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ၏ ထူးခြား သည့် နှစ်တစ်နှစ် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀) ပြည့်ချိန် တွင် မိမိ နှင့် သမ္မတ ပူတင် တို့ က တရုတ်-ရုရှား ဆက်ဆံရေး ခေတ်သစ် သို့ ရောက်ရှိခဲ့ကြောင်း အတူတကွ ကြေညာ ခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး စာမျက်နှာသစ် ကို ဖွင့်လှစ် နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် လက်ရှိ ကမ္ဘာ့ မဟာဗျူဟာ တည်ငြိမ်ရေး အတွက် တိုးချဲ့ဆောင်ရွက်မည့် ပူးတွဲကြေညာစာတမ်း တွင် လက်မှတ်ရေးထိုး ခဲ့ကြပြီး နှစ်နိုင်ငံ ၏ ကမ္ဘာ့ မဟာဗျူဟာ တည်ငြိမ်ရေး ကို ထိန်းသိမ်းသည့် ခိုင်မာသော သဘောထား ကို ဖော်ပြနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍ အသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ ပြည်သူလူထု တို့ မှ လက်တွေ့ကျသည့် အကျိုးကျေးဇူး များကို ဖြစ်ထွန်းစေခဲ့ကာ ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားသည့် ဆောင်ရွက်မှုများ ပြုလုပ် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က မိမိ အနေဖြင့် သမ္မတ ပူတင် နှင့် အနီးကပ် ဆက်ဆံရေး ထိန်းသိမ်းသွားပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်မား သည့် အဆင့် သို့ ရောက်ရှိအောင် ဦးဆောင် ဆောင်ရွက်သွားလိုကြောင်း ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ နှင့် ကုလသမဂ္ဂ ကို အဓိက ထားသည့် နိုင်ငံတကာ အသိုက်အဝန်း ကို အတူတကွ ထိန်းသိမ်းသွားလိုကြောင်း ၊ တရုတ်-ရုရှား နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားအင်သစ်များ ဖြည့်စွက်ပြီး ကမ္ဘာ့ ပိုမို တည်ငြိမ်ရေး အတွက် ကောင်းမွန်သည့် အားအင်များ ဖြည့်စွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် က ၂၀၁၉ ခုနှစ် တွင် နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းဆောင်ရွက်မှု ဖြင့် ရုရှား-တရုတ် ခေတ်သစ် ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး က ကြီးမား သည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ၊ မိမိ နှင့် သမ္မတ ရှီကျင့်ဖိန် တို့ က တွေ့ဆုံမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး အရေးပါသည့် သဘောတူညီချက် များ များစွာ ရရှိနိုင်ခဲ့ကာ နှစ်နိုင်ငံ ကဏ္ဍ အသီးသီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အတွက် အခွင့်အလမ်းများကို ဖွင့်လှစ်ပေး နိုင်ခဲ့ကြောင်း ၊ ၂၀၂၀ ခုနှစ် တွင် နှစ်နိုင်ငံ အနေဖြင့် နိုင်ငံကြီး အဆင့် ခေါင်းစဉ်နှစ် ဖြစ်သည့် ရုရှား-တရုတ် နည်းပညာ တီထွင်ဆန်းသစ်မှု နှစ် ကို ဖွင့်လှစ် သွားမည် ဖြစ်ပြီး ရုရှား နိုင်ငံ အနေဖြင့် ယင်းခေါင်းစဉ် နှစ် အား လွန်စွာ အလေးထားကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းဆောင်ရွက်မှု ဖြင့် နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံတကာ ကိစ္စရပ် များ တွင် အပြုသဘောဆောင်သည့် ညှိနှိုင်းဆောင်ရွက်မှုများ က အဆက်မပြတ် ပိုမို မြင့်မား သည့် အဆင့် သို့ ရောက်ရှိ နိုင်မည် ကို ခိုင်မြဲစွာ ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.