Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က SCO ပူးပေါင်းဆောင်ရွက်ရေးအား တိုက်တွန်းအားပေး

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် SCO အဖွဲ့ဝင်နိုင်ငံများ မှ ခေါင်းဆောင်များ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အဖွဲ့ဝင် နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ခြေများအား ထိုနိုင်ငံများရှိ ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ် ဒီဇင်ဘာလ ၁၆ ရက်နေ့ က ပြောကြားခဲ့ကြောင်းသိရသည်။

ကျန့်ကျိုမြို့တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် SCO ဝန်ကြီးချုပ်များ အစည်းအဝေးပြီးနောက် ရှီသည် ရုရှားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ နှင့် တာဂျစ်ကစ္စတန်နိုင်ငံမှ ဝန်ကြီးချုပ်များ၊ ဥဇဘက်ကစ္စတန်နိုင်ငံ မှ ဒုဝန်ကြီးချုပ် နှင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီ က ဒေသတွင်း လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှု နှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုတို့ တွင် ပါဝင်သည့် SCO ၏ အခန်းကဏ္ဍ အား ကြိုဆိုပါကြောင်း၊ လက်ရှိ ရှုပ်ထွေးနေသည့် နိုင်ငံတကာ အခြေအနေ များ နှင့် လေးနက်သည့် ကမ္ဘာ့ စီးပွားရေး တည်ငြိမ်မှုတို့အတွက် ပူးပေါင်းဆောင်ရွက်မှု များလိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက SCO နိုင်ငံ များသည် ခေတ်သစ် ပိုးလမ်းမကြီး နှင့် Eurasian Economic Union ကဲ့သို့သော ဒေသတွင်း ကုန်သွယ်မှု နှင့် အခြေခံအဆောက်အအုံ အစပျိုးမှု တို့တွင် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

တရုတ်သမ္မတ က တရုတ်နိုင်ငံ သည် ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေး နှင့် သာယာဝပြောမှု တို့ ပိုမို ဖြစ်ထွန်းလာစေရန် အဖက်ဖက်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုကောင်းမွန်သည့် SCO အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် အမြဲအဆင်သင့် ဖြစ်နေပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.