Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နှင့် UAE တို့သည် တစ်နိုင်ငံ ၏ ယာဉ်မောင်းလိုင်စင်အား နှစ်နိုင်ငံစလုံးတွင် အသုံးပြုနိုင်ရန် သဘောတူ

တရုတ်နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာန အားတွေ့ရစဉ် (ဓာတ်ပုံ- Wikipedia)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့သည် တစ်နိုင်ငံ၏ ယာဉ်မောင်းလိုင်စင်အား နှစ်နိုင်ငံစလုံးတွင် အသုံးပြုနိုင်ရန် အသိအမှတ်ပြု သဘောတူသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန (MPS) မှ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ ကြောင်းသိရသည်။

သဘောတူညီချက်များအရ တရုတ်နိုင်ငံ နှင့် UAE တစ်ဖက်ဖက် မှ အာဏာပိုင်များ က တရားဝင် ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူသည် အခြား သင်တန်း နှင့် စစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ဘဲ နှစ်နိုင်ငံ လုံးတွင် ယာဉ်မောင်းနှင်ခွင့် ရရှိမည်ဖြစ်ကြောင်း MPS မှ ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်အား MPS နှင့် UAE ၏ ပြည်ထဲရေးဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ၎င်း သဘောတူညီချက်သည် နောက်သုံးလအကြာတွင် အသက်ဝင် လာမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သည် အလားတူ သဘောတူညီချက်မျိုးအား ဘယ်လ်ဂျီယံနိုင်ငံ နှင့် လက်မှတ် ရေးထိုးထားကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117