Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး Ajit Doval တို့ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး Ajit Dovaltmအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Ajit Dovalတို့သည် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ရေးရာ အထူးကိုယ်စားလှယ်များအဖြစ် ဇူလိုင် ၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်သည် တရုတ်-အိန္ဒိယ သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၇၀ ပြည့်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် မိုးဒဏ်လေဒဏ်၊အခက်အခဲများ၏ စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယနေ့ယခုဖွံဖြိုးတိုးတက်မှုအခြေအနေရရှိခဲ့သည်မှာ မလွယ်ကူလှကြောင်း ၊ မကြာသေးမီက တရုတ်-အိန္ဒိယ နယ်စပ် အနောက်ပိုင်း Gallowan ချိုင့်ဝှမ်းတွင် ဖြစ်ပွားခဲ့သည့်  ကိစ္စသည် ဖြစ်စဉ်အမှားအမှန် ရှင်းလင်းလျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် မိမိ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ကို ခိုင်မာစွာကာကွယ်ဆောင်ရွက်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ၏ ပထမ အလေးထားလုပ်ဆောင်ရမည့် ကဏ္ဍဖြစ်ကြောင်း၊ ယင်းဦးတည်ချက်တွင် နှစ်နိုင်ငံလုံးအတွက် ရေရှည် တူညီသည့် မဟာဗျူဟာ အကျိုးစီးပွားဖြစ်ကြောင်း ၊ နှစ်ဖက်အနေဖြင့် အပြန်အလှန် အန္တရာယ်မလုပ်ခြင်းကို အစဉ်အမြဲ လက်ကိုင်ထားကာ  ဖွံ့ဖြိုးရေးအခွင့်အလမ်း၏ မဟာဗျူဟာ ဆုံးဖြတ်ချက်အနေဖြင့် အပြန်အလှန်သဘောထားရှိရမည်ဖြစ်ကြောင်း ၊ လက်ရှိ ရှုပ်ထွေးသည့်အခြေအနေကို အထူးအလေးထားကာ တတ်နိုင်သမျှ လျှင်မြန်စွာ အတူကြိုးပမ်းကျော်လွှားပြောင်းလဲရမည်ဖြစ်ကြောင်း ၊ ပဋိပက္ခများ ကျယ်ပြန့်ရှုပ်ထွေးလာမှုမရှိစေရန် ၊နှစ်နိုင်ငံဆက်ဆံရေးကို အတူကာကွယ်ထိန်းသိမ်းရန် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပုံမှန်ပူးပေါင်းဖလှယ်မှုများကို တွန်းအားပေး ဆောင်ရွက်သွားစေလိုကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ 

နှစ်နိုင်ငံနယ်စပ်ရေးရာအခြေအနေအား ဖြေလျှော့ရန် နှစ်ဖက်အကြား ပွင့်လင်းစွာ ဆွေးနွေးခဲ့ရာ အောက်ပါ အပြုသဘောဆောင်သည့် သဘောတူညီချက်များရရှိခဲ့သည်။ (၁) တရုတ်-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များအကြားရရှိထားသော အရေးကြီး သဘောတူညီချက်များကို လိုက်နာစောင့်ထိန်းရန် သဘောတူညီခဲ့ကြသည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် နှစ်ဖက်ဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးရာ နယ်စပ်ရေးရာကိစ္စရပ်အား သင့်တင့်သောနေရာတွင် ထားရှိပြီး ကွဲလွဲမှုများအား ပဋိပက္ခမဖြစ်အောင် ရှောင်ရှားရန် သဘောတူညီခဲ့ကြသည်။ 

(၂) နှစ်နိုင်ငံနယ်စပ်ရေးရာကိစ္စရပ်များတွင် ရေးထိုးထားသည့် သဘောတူညီချက်များကို လိုက်နာစောင့်ထိန်း၍  နယ်စပ်ဒေသအခြေအနေကို အတူကြိုးပမ်း ဖြေလျှော့ရန် နှစ်ဖက်စလုံးက ထပ်မံအတည်ပြုပြောကြားခဲ့သည်။(၃) အထူးကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးမှုများကို တိုးမြှင့်ဆောင်ရွက်ပြီး တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းအစည်းအဝေးများ စဉ်ဆက်မပြတ် ပြုလုပ်ကာ နယ်စပ်ဒေသယုံကြည်မှုနည်းလမ်းတည်ဆောက်ရေးကို မပြတ်အားဖြည့်ဆောင်ရွက်၍ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် ကိစ္စရပ်မျိုး ထပ်မံမဖြစ်ပွားအောင် ရှောင်ရှားရန် နှစ်ဖက်အကြား သဘောတူညီမှုရရှိခဲ့သည်။  

(၄) ယခုကာလများအတွင်း တရုတ်-အိန္ဒိယ နှစ်နိုင်ငံ စစ်ရေးနှင့် သံတမန်ရေးတွေ့ဆုံဆွေးနွေးမှု ရလဒ်များကို နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ထားရှိရန် သဘောတူညီခဲ့ကြသလို နှစ်နိုင်ငံနယ်စပ်ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲတွေ့ဆုံဆွေးနွေးမှုတွင် ရရှိခဲ့သည့် သဘောတူညီချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်သင့်ကြောင်း အလေးထားပြောကြားခဲ့

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.