Connect with us

Politics, Law & Military

HKSAR အတွက် အမျိုးသားလုံခြုံရေးဥပဒေအပေါ် ကောလာဟလများ ၊ လုပ်ကြံဇာတ်လမ်း(၁၀) 

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ရှိ ဗစ်တိုးရီးယားဆိပ်ကမ်း၏ ညပုံရိပ်အလှအပကို ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

အချို့သော အမေရိကန် နှင့် အနောက်တိုင်း နိုင်ငံရေးသမားများက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခြင်းအပေါ် ဆန့်ကျင်သည့် မှားယွင်းသော စွပ်စွဲချက်များကို မကြာသေးမီကပြုလုပ်ခဲ့ကြသည်။ 

၎င်းတို့ဖြန့်ဝေခဲ့သော ကောလာဟလများအနက် အကြောင်းအရာ တစ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ 

ကောလာဟလ : 

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းသည် ဟောင်ကောင်၏ တည်ငြိမ်မှု နှင့် အကျိုးစီးပွားဖြစ်ထွန်းမှုကို အန္တရာယ် ကျရောက်စေလိမ့်မည်ဖြစ်ကြောင်း လုပ်ကြံပြောဆိုခဲ့ကြသည်။

အချက်အလက်များ :  

— ဥပဒေပြင်ဆင်ချက်များ အဆိုပြုခဲ့သည့် ပြီးခဲ့သော ဇွန်လကတည်းက “ ဟောင်ကောင်လွတ်လပ်ရေး” အုပ်စု နှင့် ဟောင်ကောင်၏ စည်းမျဉ်းဥပဒေ ၊ စီးပွားရေး နှင့် အသက်မွေးဝမ်းကြောင်းမှုအပေါ် ပြင်းထန်စွာချိုးဖောက်မှုတစ်ခုဖြစ်သည့် အကြမ်းဖက်လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။မြို့တော်၏ စီးပွားရေးပတ်ဝန်းကျင် နှင့် နိုင်ငံတကာပုံရိပ်သည် များစွာ ထိခိုက်ပျက်စီးခဲ့ရသည်။ ဥပဒေပြဌာန်းမှုသည် ယင်းအနေအထားမှ လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိစေရန် ဂရုတစိုက် ဆောင်ရွက်မှုဖြစ်သည်။ အမျိုးသားပြည်သူ့ကွန်ဂရက်က ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းရန် ဆုံးဖြတ်ခဲ့ရာ ယင်းဥပဒေအား ပြဌာန်းခဲ့ပြီးနောက်တွင် များစွာသော ဟောင်ကောင်အခြေစိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များမှ ရှင်းလင်းသော ထောက်ခံအားပေးမှု ရရှိခဲ့သည်။

 

— အမျိုးသားလုံခြုံရေးဥပဒေတစ်ခုပြဌာန်းလိုက်ခြင်းကြောင့် မည်သည့်နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းကမျှ စီးပွားရေးပတ်ဝန်းကျင်ကောင်းကို အားလျော့သွားအောင် လုပ်ဆောင်ကြောင်း မတွေ့ရပေ။ ဟောင်ကောင်ရှိ အမေရိကန် ကုန်သွယ်ရေးအသင်းချုပ်၏ မကြာသေးမီက လေ့လာချက်တစ်ခုအရ ၇၀ ရာခိုင်နှုန်းကျော်သော ကုမ္ပဏီများအနေဖြင့် ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းအလို့ငှာ ရွှေ့ပြောင်းထွက်ခွာသွားရန် အစီအစဉ်မရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြခဲ့ပြီး တစ်ဦးတစ်ယောက်ချင်းတုံ့ပြန်မှုအနေဖြင့်လည်း ၆၀ ရာခိုင်နှုန်းကျော်သော ပမာဏက ဟောင်ကောင်မှ ထွက်ခွာရန် စဉ်းစားတွေးတောချက် မရှိကြောင်း ဆိုသည်။

— အခြေခံဥပဒေ ပုဒ်မ ၂၃ အရ မကာအို(SAR)အထူးအုပ်ချုပ်ခွင့်ရဒေသည် ၎င်း၏ အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၀၉ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မကာအို၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) သည် ၁၅၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ၎င်းဒေသသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာလည်း ၈၁ ရာခိုင်နှုန်းအထိ ရှိခဲ့သလို နယ်ပယ်အားလုံးတွင် အလုပ်လက်မဲ့ဦးရေကျဆင်းမှုနှုန်းသည် ၁၀ စုနှစ်တစ်ခုတွင် အနိုမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.