Politics, Law & Military
APEC အစည်းအဝေးတက်ရန်နှင့် ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် ဗီယက်နမ်နှင့် လာအိုသို့ တရုတ် သမ္မတ ရှီကျင့်ဖိန် သွားမည်
ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံသို့ နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ နိုဝင်ဘာလ၃ ရက်တွင် ကြေညာလိုက်သည်။
ရှီသည် ဗီယက်နမ်နိုင်ငံ သမ္မတ ထရန် ဒိုင်ကွမ် (Tran Dai Quang) ၏ ဖိတ်ကြားချက်ဖြင့် နိုဝင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ ဗီယက်နမ်နိုင်ငံ Da Nang မြို့တွင် ပြုလုပ်မည့် ၂၅ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။
ထို့ပြင် သမ္မတ ရှီသည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရွန်၊ ဗီယက်နမ်နိုင်ငံ သမ္မတ ထရန် ဒိုင်ကွမ်တို့ ဖိတ်ကြားချက်ဖြင့် ဗီယက်နမ်နိုင်ငံသို့ လည်းကောင်း၊ လာအို ပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီနှင့် သမ္မတ ဘိုညံဗိုရာချစ်၏ ဖိတ်ကြားချက်ဖြင့် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)