Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန်က တက္ကဆက်ပစ်ခတ်မှုတွင် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူပေါင်း ၂၇ ဦးသေဆုံးပြီး အနည်းဆုံး ၂ဝ ဦးထိခိုက်ဒဏ်ရာရခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်အား အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံ နိုဝင်ဘာလ ၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝမ်းနည်းကြောင်း သဝဏ်လွှာထဲတွင် သမ္မတရှီက အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ရခြင်းအပေါ် နက်ရှိုင်းစွာကြေကွဲဝမ်းနည်းရကြောင်း ၊ သေဆုံးသူများ၏ မိသားစုဝင်များ နှင့် ဒဏ်ရာရသူများအတွက် စာနာထောက်ထားမိပါကြောင်း နှင့် ရရှိထားသော ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းစေရန် ဆုတောင်းမေတ္တာပို့သပါကြောင်း ဖော်ပြပါရှိသည်။တက္ကဆက်ပြည်နယ် San Antonio ၏ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာအကျော်၌ တည်ရှိသော Sutherland Springs ပထမနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် နိုဝင်ဘာလ ၅ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)