Connect with us

Politics, Law & Military

(B&R Forum) ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်သစ်ပိုးလမ်းမကြီးကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုက်တွန်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်နိုင်ငံမှ ကမ်းလှမ်းလာသော ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှု ကို အခွင့်အရေးတစ်ရပ်အဖြစ် ဆုပ်ကိုင်သွားကြရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့မေလ ၁၄ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပလျက်ရှိသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်ကြီးများကို ဖြတ်၍ အစပျိုးဖော်ဆောင်မည့် ပိုးလမ်းမကြီးသည် “ ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှဝေခြင်း ရည်မှန်းချက် ပင်မ ရေသောက်မြစ်တစ်ခုဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

“ လမ်းဖောက်ခြင်းဟာ ကြီးပွားမှုကို အစပြုမယ့် ပထမခြေလှန်းပါ” ဆိုသည့် တရုတ်ရိုးရာစကားပုံတစ်ခုကို ကိုးကား၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှေးဟောင်းပိုးလမ်းမကြီးမှ အတွေ့အကြုံများကို တစ်ကမ္ဘာလုံးက ယူသွားကြရန် တိုက်တွန်းခဲ့ပြီး “ အားလုံး အကျိုးအမြတ်ရရှိစေရေး စိတ်ဓာတ်ခွန်အားသစ်ကို မွေးမြူကြရန်” ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဂူတာရက်စ်က ကမ္ဘာကြီး ပေါကြွယ်ဝလာစေရန် ၊ တည်ငြိမ်စေရန် နှင့် ကြီးပွားတိုးတက်စေရန် အတွက် တရုတ်နိုင်ငံက ရန်ပုံငွေထည့်ဝင်နေခြင်း ၊ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် အားပေးထောက်ခံမှုတိုးမြှင့်နေခြင်း နှင့် အာရှ အခြေခံအဆောက်အအုံ ရင်နှီးမြှုပ်နှံမှု ဘဏ် တည်ထောင်၍ လုပ်ကိုင်နေခြင်းကဲ့သို့ ကမ္ဘာ့အရေးအရာကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့သည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး UN2030 ရည်မှန်းချက်ကို ပိုမိုရောက်ရှိစေရန် ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ လျင်မြန်စွာတိုးတက်စေရန် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုကို ကုလသမဂ္ဂ နှင့် ကမ္ဘာကြီးက အားပေးထောက်ခံကြောင်း အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.