Connect with us

Politics, Law & Military

(B&R Forum) ငြိမ်းချမ်းမှု နှင့် ချမ်းသာကြွယ်ဝမှုလမ်းကြောင်းအဖြစ် ခေတ်သစ်ပိုးလမ်းမကြီး အား အကောင်အထည်ဖော်ရမည်ဟု သမ္မတရှီပြောကြား

တရုတ်နိုင်ငံ၌ မေလ ၁၄ ရက်တွင် စတင်ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲမြင်ကွင်းအားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးလုပ်ဆောင်ရာ၌ ငြိမ်းချမ်းပြီး တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်သည့်အတွက် ယင်းလမ်းမကြီးအား ငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခု အဖြစ် တည်ဆောက်သင့်ကြောင်း မေ ၁၄ ရက် ကပြောကြားခဲ့သည်။

ရှီက “ရှေးဟောင်းပိုးလမ်းမ လမ်းကြောင်းတွေဟာ ငြိမ်းချမ်းမှုတွေနဲ့ရှင်သန်နေခဲ့ပေမယ့် စစ်ပွဲတွေကြောင့် ငြိမ်းချမ်းမှုတွေပျောက်ဆုံးပြီး မှေးမှိန်ခဲ့ရပါတယ်။ ဒါကြောင့် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုး အကောင်အထည်ဖော်မှု အတွက် ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ ပတ်ဝန်းကျင် အခြေအနေတစ်ရပ်လိုအပ်ပါတယ်” ဟု ပေကျင်းတွင် ၂ရက်ကြာကျင်းပမည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ အဖွင့် မိန့်ခွန်း၌ပြောကြားခဲ့သည်။

၎င်းက “win-win ပူးပေါင်းဆောင်ရွက်မှုကို ဖော်ကျူးပေးနိုင်တဲ့ နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ် တစ်ခုကို ဖော်ဆောင်ပြီး အဆင့်မြှင့်တင်ရပါမယ်။ ထိပ်တိုက်ရင်ဆိုင်မှုတွေမရှိတဲ့ မိတ်ဖက်ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့နဲ့ မဟာမိတ်ပုံစံမျိုးထက် ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေးတွေ ပေါ်ပေါက်လာစေဖို့ ဆောင်ရွက်ရမှာပါ” ဟုပြောကြားခဲ့သည်။

နိုင်ငံအားလုံးသည် အခြားတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ ဂုဏ်သိက္ခာ၊ နယ်မြေပိုင်ဆိုင်မှု၊ တစ်နိုင်ငံချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း နှင့် လူမှုရေးစနစ်များ၊ အဓိကကျသည့် အကျိုးစီးပွားများ နှင့် အရေးကိစ္စများကို လေးစားကြရမည်ဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။

ရှီက “ရှေးဟောင်းပိုးလမ်းမကြီးတစ်လျှောက်မှာ ရှိခဲ့တဲ့ ဒေသတစ်ချို့ဟာ ချမ်းသာကြွယ်ဝခဲ့ကြပြီး ယနေ့မှာတော့ ယင်းနေရာတွေဟာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ အရေးအခင်းတွေ နဲ့ စိန်ခေါ်မှုတွေကို တစ်ခါတစ်ရံရင်ဆိုင်နေရပါတယ်။ ဒီလိုအရေးကိစ္စတွေကို ဆက်လက်ဖြစ်ပွားဖို့ အခွင့်အရေး မပေးသင့်တော့ပါဘူး” ဟုပြောကြားခဲ့သည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီး အား သာယာဝပြောမှု လမ်းကြောင်း အဖြစ် တည်ဆောက်သွားရမည် ဖြစ်ကြောင်း ကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။

ရှီက “ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးအကောင်အထည်ဖော်ရာမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျတဲ့ ကိစ္စရပ်တွေကို အာရုံစိုက်သင့်ပါတယ်။ နိုင်ငံများစွာရဲ့ တိုးတက်ကြီးပွားနိုင်ခြေတွေကို ဖော်ထုတ်ပြီး စီးပွားရေးအရပေါင်းစည်းမှုတွေမှာ အောင်မြင်မှုတွေရရှိအောင်ဆောင်ရွက်ရပါမယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်ပေါ်လာအောင် အချင်းချင်းချိတ်ဆက်ပြီး ရရှလာတဲ့ အကျိုးအမြတ်တွေကို အားလုံးမျှဝေခံစားကြရပါမယ်” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက “ပြဿနာအခက်အခဲတွေကို ထိန်းချုပ်ပေးနိုင်ပြီး ရေရှည်တည်ငြိမ်တဲ့ ငွေကြေးလုံခြုံရေးမှုစနစ်တစ်ခု ကို အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု နဲ့ ငွေကြေး ပုံစံသစ်တွေဖန်တီး ရပါမယ်။ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် တိုက်တွန်းအားပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုမို စုံလင်တဲ့ ငွေကြေးစနစ်တစ်ခုနဲ့ ကဏ္ဍပေါင်းစုံပါဝင်သည့် အရင်းအနှီးဈေးကွက်တစ်ခု ကိုတည်ဆောက်ရမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ (Xinhua)