Connect with us

Politics, Law & Military

(B&R Forum) ခေတ်သစ်ပိုးလမ်းမကြီးက အာရှ ၊ ဥရောပ နှင့် အာဖရိက နိုင်ငံများကို ချိတ်ဆက်ပေးရန်အတွက် တံခါးဖွင့်ပေးနိုင်

ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ လက်ခံကျင်းပမည့် တရုတ်နိုင်ငံပေကျင်းမြို့ ရှိ အမျိုးသား ကဇာတ်ရုံ အဆောက်အအုံ အားတွေ့ ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က ယနေ့(မေလ ၁၄ ရက်)တွင် စတင်ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ အဖွင့် မိန့်ခွန်းပြောကြားရာ၌ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုသည် အာရှ ၊ ဥရောပ နှင့် အာဖရိက နိုင်ငံများအတွက် အလေးထားရုံမျှမက ၊ အခြားကမ္ဘာ့နိုင်ငံအားလုံးကိုလည်း တံခါးဖွင့်ထားပေးကြောင်း ပြောကြားလိုက်သည်။

“ နိုင်ငံအားလုံးပါဝင်ပါတယ် ။ အာရှ ၊ ဥရော ၊ အာဖရိက သို့မဟုတ် အမေရိကတိုက်အပါအဝင် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖြစ် ပါဝင်နိုင်ပါတယ်” ဟု သမ္မတရှီက ဆိုသည်။

ထို့ပြင် ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုသည် ဆွေးနွေးညှိနှိုင်းမှုကို အခြေခံခြင်း နှင့် ၎င်း၏အကျိုးအမြတ်များကို ပါဝင်သည့် နိုင်ငံအားလုံး ခွဲဝေခံစားခြင်းလည်း ရရှိစေမည်ဖြစ်ကြောင်း သမ္မတရှီက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်၏ အားပေးထောက်ခံမှုကို ရရှိထားပြီဖြစ်ကြောင်း ၊ ၎င်းတို့အနက် ၄ဝ ကျော်သည် တရုတ်နိုင်ငံ နှင့်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှု လက်မှတ်ရေးထိုးထားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117