Connect with us

Politics, Law & Military

BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စက်တင်ဘာ တွင် ပြုလုပ်မည်

ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် COVID-19 ဆိုင်ရာ BRICS နိုင်ငံခြားရေးဝန်ကြီးများအထူးအစည်းအဝေးအား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပေကျင်းမြို့မှ တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ စီစဉ်မှုများအရ BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ အစောပိုင်း တွင် ကျင်းပမည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်းက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

လက်ရှိနိုင်ငံတကာအခြေအနေများသည် ရှုပ်ထွေးနေသောကြောင့် တရုတ်နိုင်ငံသည် ယခုအစည်းအဝေး၌ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရင်ဆိုင်နေရသည့် အရေးပါသောစိန်ခေါ်မှုများအပေါ် အခြားနိုင်ငံများနှင့်အတူ အမြင်ချင်းဖလှယ်ရန် မျှော်လင့်ထားကြောင်းနှင့် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်လျက်ရှိကြောင်း ဝမ် က ဆိုသည်။

BRICS စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးအား ဇူလိုင် ၂၃ ရက်ကပြုလုပ်ခဲ့ပြီး နိုင်ငံ ငါးနိုင်ငံမှ ဝန်ကြီးများက ကမ္ဘာ့စီးပွားရေးမှာ အကျဘက်သို့ ရောက်ရှိမှုမြင့်လာသည့် အခြေအနေဆိုးကို ရင်ဆိုင်နေရချိန်တွင် BRICS နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရေး၊ အခက်အခဲများကို ကျော်လွှားရေး၊ ကုန်ပစ္စည်းနှင့် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး၊ နိုင်ငံစုံပါဝင်သော ကုန်သွယ်မှုစနစ်ကို ပူးတွဲထိန်းသိမ်းစောင့်ရှောက်ရေး၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ချက်များကို ရှောင်ရှားရေး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးရေးနှင့် ဖွံဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများ၏ တရားဥပဒေနှင့်ညီညွတ်သော အခွင့်အရေးများနှင့် အကျိုးစီးပွားကိုစောင့်ရှောက်ရေး လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း ဝမ်က ဆိုသည်။ 

BRICS နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုများနှင့် အတူ ထွန်းသစ်စဈေးကွက်များနှင့် အဓိကဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောခဲ့သည်။ ၎င်းက ဆက်လက်ပြီး လက်ရှိအခြေအနေအောက်တွင် BRICS ၏ ပွင့်လင်းမှု၊ အားလုံးပါဝင်မှုနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကိုထိန်းသိမ်းကာ ထိန်းသိမ်းလျက် စည်းလုံးညီညွတ်မှုနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက် နိုင်ငံငါးနိုင်ငံသည် ပြည်တွင်း၌ စီးပွားရေးနာလန်ထူမှုကိုသာ မြှင့်တင်သည်မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်း ဘေးကင်းချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက်ပါ အကူအညီဖြစ်စေပြီး ကမ္ဘာ့စီးပွားရေးကို ဆောလျင်စွာ  ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.