Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ချိန်တူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်း ၊ တရုတ် တာဝန်ရှိသူများက လွှဲပြောင်းရယူ 

တရုတ်နိုင်ငံ အလံ နှင့် အမေရိကန် အလံတို့အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ လိုအပ်မှုအရ ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီတွင် ချိန်တူးမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းခဲ့ပြီးနောက် သက်ဆိုင်ရာ တရုတ်အစိုးရ တာဝန်ရှိသူများသည် ယင်းကောင်စစ်ဝန်ရုံး၏ အရှေ့မျက်နှာစာဝင်ပေါက်မှတစ်ဆင့် အထဲသို့ ဝင်ရောက်သွားခဲ့ကြောင်းနှင့်  အဆောက်အအုံဥပစာကို လွှဲပြောင်းရယူခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်း၏ Website တွင် ရေးသားဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်တွင် တရုတ်နိုင်ငံရှိ အမေရိကန်သံရုံးအား အကြောင်းကြားခဲ့ရာတွင် ကောင်စစ်ဝန်ရုံး တည်ထောင်ထားရှိမှု နှင့် လုပ်ငန်း လည်ပတ်မှုအတွက် ခွင့်ပြုချက်ကို ရုတ်သိမ်းရန် တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ကြောင်း နှင့်  အစောပိုင်းက အမေရိကန် နိုင်ငံ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန် အမေရိကန်၏ တစ်ဖက်သတ် ရန်လိုသည့် တောင်းဆိုမှုအပေါ် ဥပဒေကြောင်းအရ ၊ လိုအပ်သည့် တုံ့ပြန်မှု တစ်ခုအဖြစ် တရုတ်နိုင်ငံက ပြန်လည် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117