Connect with us

Politics, Law & Military

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန က ချိန်တူး ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန် အကြောင်းကြား 

တရုတ် နိုင်ငံ က ချိန်တူး ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန် အကြောင်းကြား သည့် ထုတ်ပြန်ချက် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ချိန်တူး တွင် တည်ထောင်ထားသည့် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး ၏ လည်ပတ်မှု ခွင့်ပြုချက်အား ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန် နှင့် လှုပ်ရှားမှုများ အား ရပ်တန့် ရန် အသေးစိတ်အချက်အလက်များကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်း အချိန် တွင် တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး အား အကြောင်းကြား ခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အမေရိကန် နိုင်ငံ အနေဖြင့် ဇူလိုင် ၂၁ ရက် ၌ တစ်ဖက်သတ် ပြဿနာ ဖြစ်စေရန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ဟူစတန် မြို့ ရှိ တရုတ် နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး အား ပိတ်သိမ်းရန် ရုတ်တရက် တောင်းဆိုမှု ပြုလုပ် ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ ဆောင်ရွက်မှု က နိုင်ငံတကာ ဥပဒေ နှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံ သတ်မှတ်ချက် တို့ အား ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး တရုတ်-အမေရိကန် ကောင်စစ်ဝန် ဆိုင်ရာ သတ်မှတ်ချက်များကိုလည်း ချိုးဖောက်ရာရောက်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး ကိုလည်း ဆိုးရွားစွာ ထိခိုက်စေ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ အထက် ဖော်ပြပါ ဆောင်ရွက်မှု သည် အမေရိကန် နိုင်ငံ ၏ အဓိပ္ပါယ် မဲ့သော ဆောင်ရွက်မှု အား လိုအပ်သည့် မှန်ကန် သော တုံ့ပြန်ဆောင်ရွက်မှု ဖြစ်ပြီး နိုင်ငံတကာ ဥပဒေ နှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံ သတ်မှတ်ချက် တို့နှင့်လည်း ကိုက်ညီကာ နိုင်ငံခြားရေး အစဉ်အလာ တို့နှင့်လည်း ကိုက်ညီမှု ရှိကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ကြေညာချက် ၌ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပွား နေသည့် အခြေအနေ သည် တရုတ် နိုင်ငံ က မလိုလားသော အခြေအနေ ဖြစ်ပြီး အမေရိကန် နိုင်ငံ မှ တာဝန်အားလုံးယူရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အား မှားယွင်းသည့် ဆုံးဖြတ်ချက် ကို အမြန်ဆုံး ပြန်လည် ရုပ်သိမ်း ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြည်ဖြစ်ရန် အတွက် အခွင့်အလမ်း များကို ဖန်တီးသွားရန် တိုက်တွန်းကြောင်း ပါဝင် ခဲ့သည်။  (Xinhua)