Politics, Law & Military
တရုတ်သမ္မတ ရှီကျင့်ဖိန် က BRICS စီးပွားရေးဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်လာသူများအား နှုတ်ခွန်းဆက်စကားပြောကြား

ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖူကျန်းပြည်နယ် အရှေ့တောင်ပိုင်း ရှမိန်မြို့တွင် စက်တင်ဘာ ၃ ရက်၌ ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ အား နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတ ရှီက တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုယ်စား ၎င်းက BRICS စီးပွားရေးဖိုရမ် သို့ တက်ရောက်လာသူများအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။စက်တင်ဘာ ၃ရက်မှ ၄ရက်အထိ ၂ရက်တာကျင်းပမည့် စီးပွားရေးဖိုရမ်သည် စက်တင်ဘာ ၃ရက်မှ ၅ရက်အထိ ကျင်းပမည့် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)