Connect with us

Politics, Law & Military

တရုတ်အနောက်ပိုင်းဒေသနှင့် BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာ

ရှင်းကျန်း ယူအီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် အူရမ်ကွီမြို့ ရှုခင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အူရမ်ကွီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ရှင်းကျန်း ယူအီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် အူရမ်ကွီမြို့ရှိ အကောက်ခွန်ဗျူရိုမှ ရရှိသည့် နောက်ဆုံးကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၇ခုနှစ်အတွင်း ယင်းဒေသနှင့် BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်ပိုင်းဒေသနှင့် အိမ်နီးချင်းရုရှားနိုင်ငံအကြား နိုင်ငံတကာကုန်သွယ်မှု ပမာဏသည် ဇန်နဝါရီလ မှ ဇူလိုင်လ အတွင်း အမေရိကန်ဒေါ်လာ သန်း၅၆၀၊ ရာခိုင်နှုန်းအားဖြင့် ယခင်နှစ်ထက် ၂၅.၉ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အိန္ဒိယနိုင်ငံ နှင့် အမေရိကန်ဒေါ်လာ သန်း ၂၂၀၊ ယခင်နှစ်ထက် ၅၇.၇ရာခိုင်နှုန်း၊ ဘရာဇီးနိုင်ငံ နှင့် အမေရိကန်ဒေါ်လာ သန်း ၇၀ကျော်၊ ယခင်နှစ်ထက် ၂၂၈.၆ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ကြောင်း အူရမ်ကွီမြို့ အကောက်ခွန်ဗျူရိုကပြောကြားခဲ့သည်။

ရုရှားနိုင်ငံသို့ တင်ပို့ကုန်များမှာ ဟင်းသီးဟင်းရွက်ကဲ့သို့သော လယ်ယာထွက်ပစ္စည်းများ၊ ခရမ်းချဉ်သီးဆော့စ် ကဲ့သို့သော စားသောက်ကုန်များဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ နှင့် ဘရာဇီးနိုင်ငံသို့ တင်ပို့ကုန်များမှာ PVC ကဲ့သို့သော ဓါတုထုတ်ကုန်များဖြစ်ကြောင်း သိရသည်။

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု က ရုရှားနိုင်ငံ၊ အခြားသော အာရှအလယ်ပိုင်းဒေသများနှင့် နယ်နိမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံ၏ အနောက်ဘက်ဆုံးဒေသဖြစ်သော ရှင်းကျန်း ဒေသတွင် နိုင်ငံတကာစီးပွားရေးစုံရပ်တစ်ခု ဖြစ်ပေါ်လာစေကြောင်း သိရသည်။ (Xinhua)