Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် BRICS စီးပွားရေးဖိုရမ် ၌ မိန့်ခွန်းပြောကြား

BRICS အဖွဲ့အစည်း၏ အမှတ်အသား ကျောက်တိုင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က BRICS အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူပေါင်း ၃ဘီလီယံကျော် အကျိုးအမြတ်များ ဖြစ်ထွန်းခဲ့ကြောင်း စက်တင်ဘာ ၃ ရက်က ရှမိန်မြို့တွင် ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

ရှီက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း BRICS အဖွဲ့ဝင်နိုင်ငံများသည် ဘုံဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှေးရှု၍ လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံပေါင်းစုံဆက်ဆံရေး၊ သမာသမတ်ကျမှု နှင့် တရားမျှတမှုတို့အား ဦးစားပေးလုပ်ဆောင်ရန် ကတိကဝတ်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရှီက BRICS ပူးပေါင်းဆောင်ရွက်မှု သည် အလွန်အရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။BRICS အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ နိုင်ငံတကာရေးရာ တာဝန်ယူမှုများကို ဖြည့်ဆည်းရန် ကြိုးစားခဲ့ကြပြီး အဓိကျသော ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် သက်ဆိုင်ရာအခန်းကဏ္ဍမှ ကူညီဆောင်ရွက်ခဲ့ကြကြောင်း နှင့် ယင်းကိစ္စရပ်များအား ဖြေရှင်းရန် အဆိုတင်သွင်းမှုများပြုလုပ်ခဲ့ကြောင်း ရှီကပြောကြားခဲ့သည်။

၎င်းက BRICS အဖွဲ့အစည်းသည် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ နှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရန် ဦးဆောင်လုပ်ကိုင်ခဲ့ပြီး စည်းလုံးခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေရန် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှု နှင့် ဆွေးနွေးမှုစကားဝိုင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

BRICS စီးပွားရေးဖိုရမ်သည် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စီးပွားရေးခေါင်းဆောင်များအနေဖြင့် ဘုံစိုးရိမ်မှု ကိစ္စရပ်များအားဆွေးနွေးခြင်း၊ သဘောတူညီမှုများ တည်ဆောက်ခြင်း နှင့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များကို မြင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)