Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် BRICS ထိပ်သီးအစည်းအဝေး၊ APEC စီးပွားရေးခေါင်းဆောင်များအစည်းအဝေးနှင့် G20 ထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လာမည့်ရက်သတ္တပတ်နှစ်ပတ်အတွင်း ကျင်းပမည်ဖြစ်သော ၁၂ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၊ ၂၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးနှင့် ၁၅ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးများသို့ ပေကျင်းမြို့မှ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

သမ္မတ ရှီသည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် BRICS ထိပ်သီးအစည်းအဝေးသို့လည်းကောင်း၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မူယီဒင် ယာဆင် (Muhyiddin Yassin) ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၀ ရက်တွင် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့လည်းကောင်း၊ ဆော်ဒီအာရေးဘီးယားနိုင်ငံ ဘုရင် Salman bin Abdulaziz Al Saud ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၁ ရက်တွင် G20 ထိပ်သီးအစည်းအဝေးသို့လည်းကောင်း အသီးသီး တက်ရောက်မည်ဖြစ်ကြောင်း ဟွာ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးများအားလုံးကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည်ဟု ဟွာက ဆိုသည်။BRICS သည် ပေါ်ထွန်းစဈေးကွက်အုပ်စုဖြစ်သော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက စသည့်နိုင်ငံများပါဝင်သည့်အုပ်စုကို အတိုကောက်ခေါ်ဆိုခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.