Connect with us

Politics, Law & Military

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံနိုင်ငံတော် ကောင်စီဝန်ကြီးချုပ် လီခဲ့ချန် က နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းအချိန်တွင် ပြည်သူ့ခန်းမဆောင်ကြီး ၌ ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များအစည်းအဝေး ကို တက်ရောက်ခဲ့ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ၊ ဖိလစ်ပိုင်နိုင်ငံသမ္မတ ၊ ဘရူနိုင်းနိုင်ငံဝန်ကြီးချုပ် ၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ၊ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ၊ ကမ္ဘောဒီးယားနိုင်ငံဒုတိယ ဝန်ကြီးချုပ် ၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့က အစည်းအဝေး တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc တို့က အတူတကွ အစည်းအဝေး သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး အား ဗီဒီယို ကွန်ဖရန့်ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် လီခဲ့ချန် က အမှတ်မထင်ကြုံတွေ့ခဲ့ရသည့် COVID-19 ကပ်ရောဂါ က ကမ္ဘာ့နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး နှင့် သွားလာလှုပ်ရှားမှုအတွက် ဆိုးရွားစွာ သက်ရောက်မှု ဖြစ်ပွားစေခဲ့ကြောင်း ၊ ကပ်ရောဂါ တိုက်ဖျက်ရေးတွင်ဖြစ်စေ ၊ စီးပွားရေး ပြည်လည်ထူထောင်ရေးတွင်ဖြစ်စေ တံခါးဖွင့်၍ ပူးပေါင်းဆောင်ရွက်သည့် လမ်းစဉ် ကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တတိယအကြိမ်မြောက် တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာသွင်းကုန်ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူတကွ တံခါးဖွင့်မှုဖြင့် အခွင့်အလမ်းများကို ဖန်တီးကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခက်အခဲများကို ဖြေရှင်းသွားလိုသည်ဟု ပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်နေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် က ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်နေစဉ်(ဆင်ဟွာ)
လီခဲ့ချန် က ကပ်ရောဂါအား အတူတကွ တိုက်ဖျက်သည့် လုပ်ငန်းစဉ်အတွင်း တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံတို့က အပြန်အလှန်စောင့်ကြည့်ကူညီပေးခဲ့ကြပြီး အတူတကွအခက်အခဲကို ရင်ဆိုင်ဖြေရှင်းခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် ကပ်ရောဂါက ကမ္ဘာ့နိုင်ငံအသီးသီးအား နှိပ်စက်နေပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ထူထောင်ရေးမှာလည်း အခက်အခဲများစွာကြုံတွေ့နေရကြောင်း ၊ တစ်ဖက်သက်ဝါဒ နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ တို့ကလည်း မြင့်တက်လာခဲ့ကြောင်း ၊ အားတက်ဖွယ်ရာအချက်မှာ အရှေ့အာရှဒေသတွင် ကပ်ရောဂါအား တည်ငြိမ်စွာထိန်းသိမ်းနိုင်ခဲ့ပြီး တရုတ်-အာဆီယံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေ မှာလည်းတိုးတက်မှုရှိလာခဲ့ကာ အာဆီယံသည်လည်း တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်ဖြစ်လာခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွေးအမြင်သစ်အားလက်တွေ့ဆောင်ရွက်သွားမည်ဖြစ်ပြီး အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေးအခင်းအကျင်းသစ်ကို အရှိန်တိုးမြှင့်တည်ဆောက်ပြီး တိုးချဲ့မှုကိုဆောင်ရွက်စဉ်တစ်ချိန်တည်း အဆင့်အတန်းမြင့် တံခါးဖွင့်မှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ဆောင်ရွက်ခြင်းအားဖြင့် တရုတ် နှင့် အာဆီယံ ဈေးကွက်ကြီးနှစ်ခု ပိုမိုကောင်းမွန်စွာချိတ်ဆက်နိုင်မည်ဖြစ်ပြီး ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်ရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် လီခဲ့ချန် က တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်ဆက်ဆံရေး အား အနီးပတ်ဝန်းကျင် နိုင်ငံခြားရေးဦးစားပေးအဖြစ် သတ်မှတ်ထားပြီး အာဆီယံ နှင့် အတူတကွ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို ခိုင်မြဲစွာထောက်ခံအားပေးခဲ့ကာ အာဆီယံ အား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ ဗဟိုတည်နေရာတွင်တည်ရှိရေးကို ခိုင်မြဲစွာထောက်ခံအားပေး ခဲ့ကြောင်း ၊ တရုတ်နိုင်ငံနေဖြင့်အာဆီယံနှင့်အတူတကွ ချစ်ခင်ရင်းနှီးသောအိမ်နီးချင်းများအဖြစ် ဆက်ဆံသွားလိုပြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်သည့် လမ်းစဉ်ကို ခိုင်မြဲစွာလျှောက်လှမ်းကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နှင့် လွတ်လပ်စွာကုန်သွယ်မှုတို့ကို ခိုင်မြဲစွာဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-အာဆီယံ ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှုတွင် လက်တွေ့ကျသည့်အောင်မြင်မှုများပိုမိုရရှိအောင် တွန်းအားပေးဆောင်ရွက်သွားလိုပြီး မိမိနိုင်ငံ နှင့် ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်ရေးကို ကြိုးပမ်းဆောင်ရွက်ကာ ဒေသတွင်း နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးအတွက် ထိန်းသိမ်းသွားလိုကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အကြံပြုလိုသည်မှာ အတူတကွလက်တွဲကာ ကပ်ရောဂါအားအောင်မြင်စွာတိုက်ဖျက်ပြီး အများပြည်သူ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရမည်ကြောင်း ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အာရုံစိုက်သွားပြီး ဒေသတွင်းစီးပွားရေးပြန်လည်ထူထောင်ရေးကို တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ဒစ်ဂျစ်တယ်စီးပွားရေး၏ ထူးခြားချက်ကိုဖော်ဆောင်သွားပြီး ပူးပေါင်းဆောင်ရွက်မှုအသစ်များကို ဖန်တီးသွားရမည်ဖြစ်ကြောင်း ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ပြီး ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ခုခံနိုင်သည့်စွမ်းရည်ကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးတွင် တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က လက်ရှိချိန်တွင် တောင်တရုတ်ပင်လယ် အခြေအနေက အလုံးစုံအားဖြင့်တည်ငြိမ်မှုရှိနေပြီး ယင်းက တရုတ်-အာဆီယံ ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် အကျိုးဖြစ်ထွန်းစေကြောင်း ၊ သဘောထားကွဲလွဲမှုကို တက်ကြွစွာထိန်းချုပ်ပြီး တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (Declaration on the Conduct=DOC) ကို ဘက်စုံထိရောက်စွာ အကောင်အထည်ဖော်ကာ တောင်တရုတ်ပင်လယ်အတွင်း အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) ဆွေးနွေးမှု ကို တည်ငြိမ်စွာ တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် သတ်မှတ်ချက် အား အမြန်ဆုံးသဘောတူညီမှု ရရှိစေလိုသည့် သဘောထားမှာ ကာလတလျှောက်ပြောင်းလဲမှု မရှိဘဲ ဆုံးဖြတ်ချက်သည်လည်း ခိုင်မြဲကြောင်း ၊ တရုတ်နိုင်ငံနေဖြင့် သက်ဆိုင်ရာနိုင်ငံအသီးသီး တို့မှ သွက်လပ်ပြီး လက်တွေ့ကျသည့်ပုံစံမျိုးဖြင့် ညှိနှိုင်းဆောင်ရွက်မှုကို အမြန်ဆုံးဆောင်ရွက်ကာ ကပ်ရောဂါအခြေအနေ ပြန်လည်ကောင်းမွန်လာချိန်တွင် တရုတ်နိုင်ငံ၌ မျက်နှာချင်းဆိုင် အစည်းအဝေး အမြန်ဆုံးပြုလုပ်သွားလိုကြောင်း ၊ သတ်မှတ်ချက် အား တွန်းအားပေးဆောင်ရွက်သွားပြီး နိုင်ငံတကာအား မိမိတို့၏ အသိပညာကို ထုတ်ဖော်ပြသကာ မိမိတို့အနေဖြင့် တောင်တရုတ်ပင်လယ် အခြေအနေ နှင့် တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းနိုင်သည့် စွမ်းရည်ရှိကြောင်းကို ထုတ်ဖော်ပြသသွားရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစည်အဝေးတက်ရောက်ခဲ့ကြသည့် အာဆီယံနိုင်ငံမှခေါင်းဆောင်များက အာဆီယံ-တရုတ် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် မြင့်မားစွာ အသိအမှတ်ပြုခဲ့ကြပြီး တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးက အာဆီယံ ၏ မိတ်ဖက်ဆက်ဆံရေးအတွင်း အားအင်အတောင့်တင်းဆုံး နှင့် အတက်ကြွဆုံးသော ဆက်ဆံရေးဖြစ်ကြောင်း ၊ အာဆီယံနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ က အာဆီယံအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် ဗဟိုတည်နေရာတွင် ထားရှိခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း ၊ တရုတ်နိုင်ငံ ၏ အာဆီယံ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တက်ကြွစွာဆောင်ရွက်ပေးခဲ့မှုများအပေါ် ကျေးဇူးတင်ပြီး တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေးအား နိုင်ငံတကာအများပြည်သူကုန်ပစ္စည်းအဖြစ် သတ်မှတ်ခဲ့သည့် အပေါ်ကျေးဇူးတင်ကာ တရုတ်နိုင်ငံ မှ အာဆီယံ အမြန်ဆုံး ကပ်ရောဂါတိုက်ဖျက်ရေး နှင့် စီးပွားရေး ပြန်လည်ထူထောင်ရေးတွင် ဆက်လက်ထောက်ခံအားပေးသွားရန်မျှော်လင့်ကြောင်း ၊ အာဆီယံ အနေဖြင့် တရုတ်နိုင်ငံနှင့် အတူတကွ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးပြီး စည်းစနစ်ကိုအခြေခံသည့် လွတ်လပ်စွာကုန်သွယ်မှုကို ထောက်ခံအားပေးကြောင်း ၊ ယခုအကြိမ်ကျင်းပပြုလုပ်သည့်အစည်းအဝေးများတွင် ချုပ်ဆိုခဲ့သည့် “ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေးသဘောတူညီမှု” ကို ကြိုဆိုပြီး တရုတ်နိုင်ငံနှင့် အတူတကွ အာဆီယံ-တရုတ် လွပ်လပ်စွာကုန်သွယ်မှု နှင့် အခြားသဘောတူညီမှုစာချုပ်များကို လက်တွေ့အကောင်အထည်ဖော်သွားလိုကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများကို ချိတ်ဆက်သွားလိုပြီး လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေး ၊ ဒီဂျစ်တယ်စီးပွားရေး ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ၊ စားနပ်ရိက္ခာလုံခြုံရေး ၊ ရာသီဥတုပြောင်းလဲမှု ၊ အပြာရောင်စီးပွားရေး (Blue Economy) နှင့် အင်တာနက်လုံခြုံရေး စသည့်ကဏ္ဍများတွင် ပူပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်သွားလိုပြီး အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ အာဆီယံ အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) ဆွေးနွေးမှုတွင် အရေးပါသည့် တိုးတက်မှုရရှိခဲ့သည့်အပေါ် တက်ကြွစွာ အသိအမှတ်ပြုပြီး အမြန်ဆုံး ထိရောက်၍ လက်တွေ့ကျသော သတ်မှတ်ချက် ရရှိနိုင်ရန် ထောက်ခံကာ တောင်တရုတ်ပင်လယ်တည်ငြိမ်အေးချမ်းရေးကို အတူတကွ ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့ကြသည်။

အစည်းအဝေးတွင် “တရုတ်-အာဆီယံ ငြိမ်းချမ်းရေး နှင့် စည်ပင်ဝပြောရေးကို ဦးတည်သည့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ဆောင်မှုအစီအစဉ် ပူးတွဲကြေညာချက်(၂၀၂၁-၂၀၂၅)” နှင့် “တရုတ်-အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတည်ဆောက်မှုဆိုင်ရာ အဆိုပြုချက်” တို့ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်အား တရုတ်-အာဆီယံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုနှစ် အဖြစ်ကြေညာခဲ့ကာ အစည်းအဝေးတက်ရောက် သည့် ခေါင်းဆောင်များက အတူတကွ “တရုတ်-အာဆီယံ အတူတကွ ကပ်ရောဂါ တိုက်ဖျက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်” သည့် ဗီဒီယို အား ကြည့်ရှုခဲ့ကြသည်။
တရုတ်နိုင်ငံနိုင်ငံတောင်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မှလည်း အစည်းအဝေးအား တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.