Connect with us

Politics, Law & Military

ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးနှင့် နိုင်ငံစုံပါဝင်ရေးဝါဒ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် SCO ကတိပြု

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ တရုတ်-ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဒေသစီးပွားရေးနှင့် ကုန်သွယ်ရေးသရုပ်ပြဇုန်တွင် ကုန်တင်ရထားတစ်စင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် နယ်ပယ်စုံတွင် ခိုင်မာစွာပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံစုံပါဝင်ရေးဝါဒကို ပူးတွဲထိန်းသိမ်းရေးနှင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်းရေးကို တောင့်တင်းခိုင်မာစေရေးအတွက် နိုဝင်ဘာ ၁၀ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။၂၀ ကြိမ်မြောက် SCO နိုင်ငံ့ခေါင်းဆောင်များကောင်စီ အစည်းအဝေးကို ရုရှားနိုင်ငံက ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဦးဆောင်ကျင်းပခဲ့သည်။

SCO မှ ပြဌာန်းလိုက်သော မော်စကိုကြေညာစာတမ်းတွင် အဖွဲ့ဝင်နိုင်ငံများက ကုလသမဂ္ဂကို နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းရာတွင် ဘက်စုံ နိုင်ငံစုံပါဝင်သောအဖွဲ့အစည်းအစည်းအဖြစ် ဆွေးနွေးညှိနှိုင်းသည့် အခန်းကဏ္ဍမှ ပါဝင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်း၊ လူ့အခွင့်အရေး အဆင့်မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းများကို အခိုင်အမာ ထောက်ခံရန် သဘောတူခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့် SCO အဖွဲ့ဝင်နိုင်ငံများသည် SCO နှင့် ကုလသမဂ္ဂကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ အကြမ်းဖက်မှုဝါဒ၊ ဂိုဏ်းခွဲရေးဝါဒနှင့် အစွန်းရောက်ဝါဒ အယူအဆများ ပျံ့နှံ့မှုကို ပူးတွဲကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် သဘောတူခဲ့ကြသည်။ထို့ပြင် SCO အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ မူးယစ်ဆေးဝါး ခြိမ်းခြောက်မှုကို ပူးတွဲတုံ့ပြန်ရန် ဆက်စပ်သော နိုင်ငံများ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အင်စတီကျူ့များနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် သဘောတူခဲ့ကြသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ဝေဟိုင်မြို့ရှိ ဝေဟိုင် အသက်မွေးဝမ်းကျောင်းကောလိပ်တွင် ပြပွဲတစ်ခုအတွင်း ပါဝင်ယှဉ်ပြိုင်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

SCO အဖွဲ့ဝင်နိုင်ငံများသည် ရှိနှင့်ပြီးသော စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ထိန်းသိမ်းရန်နှင့် ခိုင်မာစေရန် အခိုင်အမာ ထောက်ခံသွားမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနှင့် လက်နက်ထိန်းချုပ်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကာ တစ်ဖက်သတ်ဝါဒ ဆောင်ရွက်မှုများအကြောင်း စိုးရိမ်ပူပန်မှုများကိုလည်း ပြောကြားခဲ့ကြသည်။
SCO အဖွဲ့ဝင်နိုင်ငံများက စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွာရေးအုပ်ချုပ်မှုစနစ် ဆက်လက်တိုးတက်ရန် အရေးကြီးကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဗဟိုချက်ထားခြင်းနှင့်အတူ နိုင်ငံစုံပါဝင်သော ကုန်သွယ်ရေးစနစ်ကို ဆက်လက် ခိုင်မာစွာ ထိန်းသိမ်းသွားရန် ကတိပြုခဲ့ကြသည်။
ကြေညာစာတမ်းအရ SCO အဖွဲ့ဝင်နိုင်ငံများသည် ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးကို မြှင့်တင်ရန်နှင့် တစ်ဖတ်သက် ကိုယ်ကျိုးစီးပွားရှာကုန်သွယ်ရေးကို ဆန့်ကျင်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် SCO အဖွဲ့ဝင်နိုင်ငံများသည် ပွင့်လင်းသော၊ အားလုံးပါဝင်မှုရှိသော၊ တီထွင်ဆန်းသစ်မှုရှိသော၊ အစိမ်းရောင်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှုစွမ်းရည်၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ငွေရေးကြေးရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေ၊ အကောက်ခွန်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ တီထွင်ဆန်းသစ်မှုနှင့် အခြားသော ဘုံအကျိုးစီးပွားရှိသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ခိုင်မာစေရန် သဘောတူခဲ့ကြသည်။
ထို့ပြင် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်လည်း SCO အဖွဲ့ဝင်နိုင်ငံများသည် လူမှုတိုးတက်မှုများအကြား ဆွေးနွေးညှိနှိုင်းမှုကို ထောက်ခံအားပေးပြီး ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် သဘောတူခဲ့သည်။

ထို့နောက် SCO အဖွဲ့ဝင်နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှု၊ မူးယစ်ဆေး တိုက်ဖျက်မှု စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး၊ အချက်အလက်လုံခြုံရေး၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု သေချာရေး၊ အကြမ်းဖက်ဝါဒ၊ ဂိုဏ်းခွဲရေးဝါဒနှင့် အစွန်းရောက်ဝါဒ ပျံ့နှံ့ရန် အင်တာနက်နှင့် အခြားသောချန်နယ်များ အသုံးပြုခြင်းကို ထိရောက်စွာနှိမ်နင်းရေးဆိုင်ရာ အချက်ပေါင်းများစွာပါဝင်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.