Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က COVID-19 ထိန်းချုပ်ရေး ၊ စီးပွားလူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတွင် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်သွားမည်ဟု ပြောကြား 

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ထိန်းချုပ်ရေး ၊ စီးပွားလူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့တွင် စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ Tongji ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများက ရောဂါတိုက်ဖျက်ရေးကြိုးပမ်းအားထုတ်မှုအတွက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပေကျင်းမြို့၌ ပြုလုပ်သည့် COVID-19 ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး နှင့် စီးပွားရေး နှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်း တိုးချဲ့ဆောင်ရွက်ရန် ပြုလုပ်သော အစည်းအဝေးတွင် အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။၎င်းအစည်းအဝေးတွင် လီခဲ့ချန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး လီကျန်ဆူး(Li Zhanshu) ၊ ဝမ်းယန်(Wang Yang) ၊ ဝမ်ဟုနင်း(Wang Huing) ၊ ကျိုလဲ့ကျိ (Zhao Leji) နှင့် ဟန့်ကျိန်း (Han Zheng) စသည့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)