Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC)   အမြဲတမ်းအမှုဆောင် ကော်မတီ ၏ ၁၆ ကြိမ် မြောက် အစည်းအဝေး ကျင်းပ ပြီးစီး

တရုတ် နိုင်ငံ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၊ အမြဲတမ်းအမှုဆောင် ကော်မတီ ၏ ၁၅ ကြိမ် မြောက် အစည်းအဝေး ကျင်းပ ပြုလုပ်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၊ အမြဲတမ်းအမှုဆောင် ကော်မတီ ၏ ၁၆ ကြိမ် မြောက် အစည်းအဝေး ကို ဖေဖော်ဝါရီ ၂၄ ရက် တွင် ပေကျင်းမြို့တွင် ကျင်းပ ပြီးစီး ခဲ့ပြီး မဲခွဲဆုံးဖြတ်ချက် အရ တရားမဝင် သဘာဝ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်မှု အား ဘက်စုံတားဆီး သွားရန် ၊ တောရိုင်း တိရစ္ဆာန် အား အလွန်အကျွံ့ စားသုံးခြင်း အား ဖယ်ရှားရန် ၊ ပြည်သူလူထု ၏ ကျန်းမာရေး လုံခြုံမှု အာမခံချက် ရှိစေရေး လက်တွေ့ဆောင်ရွက်ရန် နှင့် ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယ အကြိမ် အစည်းအဝေး အား အချိန်ရွေ့ဆိုင်း ကျင်ပခြင်း ဆိုင်ရာ သဘောတူညီချက် အား အတည်ပြု နိုင်ခဲ့သည်။

အစည်းအဝေး သဘာပတိ အဖြစ် အမြဲတမ်းအမှုဆောင် ကော်မတီ ဥက္ကဋ္ဌ လီကျန်ဆူး (Li Zhanshu) က ဆောင်ရွက်ခဲ့ပြီး ကောင်မတီ အဖွဲ့ဝင် ၁၁၄ ဦး က အစည်းအဝေး သို့ ကိုယ်တိုင် တက်ရောက် ခဲ့ကြောင်း ၊ ၅၇ ဦး က အွန်လိုင်းမှ တစ်ဆင့် အစည်းအဝေး တက်ရောက် ခဲ့ရာ စုစုပေါင်း ကော်မတီဝင် ၁၇၁ ဦး အစည်းအဝေး တက်ရောက် ခဲ့သည့် အတွက် ဥပဒေ သတ်မှတ်ချက် နှင့် ကိုက်ညီကြောင်း သိရှိရသည်။

လီကျန်ဆူး က အစည်းအဝေး တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွား ပြီးနောက် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဦးဆောင် သည့် ပါတီ ဗဟို ကော်မတီ အနေဖြင့် ပါတီ ၊ တပ်ဖွဲ့ နှင့် ပြည်သူလူထု တစ်ရပ်လုံး အား ဦးဆောင်၍ ခိုင်မြဲသည့် ယုံကြည်မှု ၊ အတူတကွ မျှဝေ ခံစားသည့် သဘောထား ၊ သိပ္ပံနည်းကျ ကာကွယ်ဖြေရှင်းမှု နှင့် တိကျသည့် မူဝါဒ တို့ဖြင့် သမ္မတ ရှီကျင့်ဖိန် ကိုယ်တိုင် ညွှန်ကြားမှုများ ပြုလုပ်ပေး ခဲ့ကြောင်း ၊ လက်တွေ့ဆောင်ရွက်မှုများ အရ ဗဟိုကော်မတီ ၏ ကပ်ရောဂါ အခြေအနေ နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ က မှန်ကန်ပြီး သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု အသီးသီး မှာလည်း အချိန် နှင့် တစ်ပြေးညီ ရှိကာ ဆောင်ရွက်ချက် များ သည်လည်း အားကောင်းထိရောက်သည် ကို တွေ့ရှိခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ၏ ခိုင်မြဲသည့် လမ်းညွှန်မှု အောက် တွင် တရုတ် နိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း တွင် ဘက်စုံ အောင်မြင်မှု ရရှိမည် မှာ သေချာ ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အား အကောင်အထည် ဖော် နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီကျန်ဆူး က ယခု အကြိမ် အစည်းအဝေး တွင် တရားမဝင် တောရိုင်းတိရစာ ္ဆန် ရောင်းဝယ်မှု အား ဘက်စုံ တားဆီး ခြင်း နှင့် အခြား ဆုံးဖြတ်ချက် များအား သက်ဆိုင်ရာ ဌာန များ က တင်းကျပ်စွာ လိုက်နာ အကောင်အထည် ဖော်သွားပြီး ဈေးကွက် စောင့်ကြည့်ထိန်းချုပ်းရေး လုပ်ငန်း အား တိုးချဲ့ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ တရားမဝင် သဘာတောရိုင်း တိရိစ္ဆာန် ဈေးကွက် နှင့် ရောင်းဝယ်မှု အပေါ် ပြင်းထန်စွာ ကိုင်တွယ် သွားပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အများပြည်သူ ကျန်းမာရေး လုံခြုံမှု နှင့် ပတ်သက်သည့် အသိပညာ လူ့အသိုင်းအဝိုင်း တွင် တိုးပွား အောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အများပြည်သူ ကျန်းမာရေး တရားဥပဒေ စိုးမိုးမှု အာမခံချက် ရရှိရေး အား တိုးမြှင့်ဆောင်ရွက်ပြီး ပြင်းထန်သည့် ကပ်ရောဂါ ကျရောက် ချိန်တွင် ကာကွယ်ထိန်းချုပ်ရေး စနစ် အား ပိုမို ကောင်းမွန်အောင် မွမ်းမံ သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။အစည်းအဝေး အပြီး တွင် ဥက္ကဋ္ဌ လီကျန်ဆူး က ဦးဆောင် ၍ ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၊  အမြဲတမ်းအမှုဆောင် ကော်မတီ ၏ (၄၉) ကြိမ်မြောက် ကော်မတီ ဥက္ကဋ္ဌ အစည်းအဝေး အား ကျင်းပ ပြုလုပ်ခဲ့သည်။  (Xinhua)