Connect with us

Politics, Law & Military

သမ္မတ ရှှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းမှ ထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ပြော

ဘီလ်နှင့် မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းအား ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 နှင့်ပတ်သက်၍ အမေရိကန် စီးပွားရေးခေါင်းဆောင်တစ်ဦးဖြစ်သော ဘီလ်နှင့် မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်း (Bill & Melinda Gates Foundation) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ် (Bill Gates) ထံမှ သဝဏ်လွှာတစ်စောင် လက်ခံရရှိပြီးနောက် ပြန်စာသဝဏ်လွှာတစ်စောင် ပြန်လည်ရေးသားပေးပို့ခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက် ရက်စွဲဖြင့်ရေးသားထားသော အဆိုပါ ပြန်စာသဝဏ်လွှာတွင် သမ္မတ ရှီက “ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်း၏ စေတနာနှင့် ယခုကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် တရုတ်ပြည်သူများ နှင့် တစ်သားတည်းရှိကြောင်း ဖော်ပြထားသော သဝဏ်လွှာအတွက် အလွန်ပင်ကျေးဇူးတင်ကြောင်း” ဖော်ပြထားသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း ကျန်းမာရေး-ဇီဝနည်းပညာအုပ်စုရှိ ဓာတ်ခွဲခန်းတစ်ခုတွင် လုပ်ကိုင်နေသော သုတေသီတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၆ ရက် ရက်စွဲဖြင့် ရေးသားထားသော ဂိတ်၏ သဝဏ်လွှာထဲတွင် ဂိတ်က ၎င်း၏ ဖောင်ဒေးရှင်းအနေဖြင့် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်ကြောင်း၊ ယင်းရန်ပုံငွေက ကူးစက်ရောဂါ ပျံ့နှံ့ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သုတေသန၊ အရေးပေါ် ကြားဖြတ်လုပ်ငန်းနှင့် ဆေးဝါး၊ ကာကွယ်ဆေးနှင့် ရောဂါစမ်းသပ်စစ်ဆေးခြင်းများဆိုင်ရာ သုတေသနနှင့် တိုးတက်မှု ပိုမိုလုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ရောဂါဖြစ်ပွားချိန်ကစတင်ကာ ကျွန်ုပ်သည် ယုံကြည်ချက်၊ စည်းလုံးညီညွတ်မှု၊ သိပ္ပံနည်းကျအခြေခံသော ချဉ်းကပ်မှုအတွက် တိုက်တွန်းပြောကြားခဲ့ပြီး ရည်မှန်းထားသော တုန့်ပြန်မှုရလဒ်များအား အခြေခံ၍ တရုတ်နိုင်ငံ၏ ကပ်ရောဂါ ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် လမ်းညွှန်ချက်များအနေဖြင့် ဦးတည်ဆောင်ရွက်စေခဲ့သည်” ဟု ရှီက သဝဏ်လွှာထဲတွင် ရေးသားခဲ့သည်။ထို့ပြင် ၎င်းဖောင်ဒေးရှင်းအနေဖြင့် ကမ္ဘာ့လှုပ်ရှားမှုတွင် လျင်မြန်စွာ ချိတ်ဆက်လျက်ရှိကြောင်းနှင့် COVID-19 ရောဂါဖြစ်ပွားမှု ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်မှုတွင်လည်း တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို ရှီက မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)