Politics, Law & Military
CPC သည် ၂၁ရာစုနှစ်လယ် မတိုင်မီ ကမ္ဘာ့အဆင့်မီ တပ်မတော် ဖွဲ့စည်းတည်ဆောက်သွားမည်ဟု တရုတ်ပြောကြား

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ သည် ၂၁ရာစုနှစ်လယ် မတိုင်မီ တရုတ်ပြည်သူ့တပ်မတော် အား ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ခုအဖြစ် အပြည့်အဝ ပြောင်းလဲဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
၂၀၂၀ခုနှစ်မတိုင်မီ ယင်းစနစ်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်သွားမည်ဖြစ်ပြီး အမျိုးသားကာကွယ်ရေး နှင့် လက်နက်ကိုင်တပ်ဖွဲ့များအား အဆင့်မြှင့်တင်ခြင်းကို ၂၀၃၅ခုနှစ်မတိုင်ခင် အခြေခံအားဖြင့် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံဖွင့်ပွဲ အခမ်းအနား ၌ ရှီကျင့်ဖိန် ကပြောကြားခဲ့သည်။ (Xinhua)