Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်ဒီမိုကရေစီက ထိရောက်မှု အရှိဆုံးဖြစ်ဟု သမ္မတရှီပြော

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်ဒီမိုကရေစီသည် ကျယ်ပြန့်ခြင်း ၊ ယုံကြည်အားထားနိုင်မှု အရှိဆုံးဖြစ်ခြင်းနှင့် ပြည်သူတို့၏ အခြေခံ အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန် ထိရောက်မှု အရှိဆုံးဖြစ်ခြင်း တို့ကြောင့် အကျိုးသက်ရောက်မှု အရှိဆုံး ဒီမိုကရေစီ စနစ်ဖြစ်ကြောင်း ယနေ့အောက်တိုဘာ ၁၈ ရက်တွင် ပြုလုပ်သည့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ၏ အဖွင့်မိန့်ခွန်းတွင် သမ္မတရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။

ဆိုရှယ်လစ်ဒီမိုကရေစီစနစ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်မှုက ပြည်သူတို့၏ဆန္ဒကို အပြည့်အဝ ဖော်ဆောင်ပေးခြင်း ၊ ပြည်သူတို့၏ အကျိုးစီးပွားများ နှင့် အခွင့်အရေးကို ကာကွယ်ပေးခြင်း ၊ ပြည်သူတို့၏တီထွင်ဖန်တီးမှုကို ဖြစ်ပေါ်စေခြင်း နှင့် နိုင်ငံအတွင်းရှိပြည်သူများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အာမခံခြင်း နှင့် စနစ်တစ်ကျ စီမံဆောင်ရွက်ခြင်းများကို ဖြစ်ပေါ်စေကြောင်း သမ္မတရှီက ဆိုသည်။

“ အခြားနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်ကို အလိုအလျောက်ပုံတူကူးချဖို့မသင့်လျော်ပါဘူး” ဟု ၎င်းကပြောကြားခဲ့သည်။ပြည်သူ့ကွန်ဂရက်အနေဖြင့် ပြည်သူ့စွမ်းအားဖြင့် အင်အားပြည့်ဝသောနိုင်ငံ တည်ဆောက်ရန် ကူညီပံ့ပိုးမှု နှင့် မြှင့်တင်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) သည် ဆိုရှယ်လစ်သဘောတရားတရားဒီမိုကရေစီ ဖော်ဆောင်မှုတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သွားရမည်ဖြစ်ကြောင်း ၊ “ ပြည်သူ့ဒီမိုကရေစီ၏ မရှိမဖြစ် လိုအပ်ချက်မှာ ပြည်သူများအနေဖြင့် ၎င်းတို့၏ အရေးအရာကိစ္စရပ်များကို ဆွေးနွေးခွင့်ရရှိစေရေးဖြစ်ကြောင်း” သမ္မတရှီက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.