Connect with us

Politics, Law & Military

နယ်ပယ်အားလုံး၌ ဥပဒေအပေါ် အခြေခံထားသော အုပ်ချုပ်ရေးစနစ် တိုးတက်ရေးအတွက် ဗဟို ဦးဆောင်အဖွဲ့ CPC တည်ထောင်မည်

တရုတ်နိုင်ငံ ပေကျင်းတွင် ပြုလုပ်သော ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံ ကျင်းပနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) က နယ်ပယ်အားလုံး၌ ဥပဒေအပေါ် အခြေခံထားသော အုပ်ချုပ်ရေးစနစ် တိုးတက်ရေးအတွက် ဗဟို ဦးဆောင်အဖွဲ့ တစ်ခု တည်ထောင်သွားမည် ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာလ ၁၈ ရက်) တွင် ပြုလုပ်သော ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ တင်သွင်းသော အစီရင်ခံစာ မိန့်ခွန်း၌ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး တည်ထောင်ရန် အစပျိုး လုပ်ဆောင်မှုအတွင်း စည်းလုံးသော ခေါင်းဆောင်မှု အလေ့အကျင့်ရရှိရန် ရည်ရွယ်ကာ ပြောင်းလဲခြင်း ဖြစ်သည်ဟု ရှီက ဆိုသည်။

နယ်ပယ်အားလုံး၌ ဥပဒေအပေါ် အခြေခံထားသော အုပ်ချုပ်ရေးစနစ် တိုးမြှင့်ခြင်းသည် တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အား အကြီးအကျယ် တော်လှန်ရေး ဖြစ်ကြောင်း သမ္မတ ရှီက ပြောသည်။

CPC အနေဖြင့် ခိုင်မာသော ဥပဒေပြုရေး၊ ဥပဒေစိုးမိုးမှု တင်းကျပ်ရေး၊ သမာသမတ်ကျသော တရားရေး အုပ်ချုပ်မှု ဖြစ်ရေးနှင့် ပြည်သူ တစ်ယောက်စီတိုင်းက ဥပဒေလိုက်နာရေး စသည်တို့အား မြှင့်တင်သွားမည် ဖြစ်ကြောင်းလည်း ရှီက ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်က ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် CPC ဗဟို ကော်မတီ လေးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် တရားဥပဒေ စိုးမိုးရေး ကျယ်ပြန့်သော တိုးတက်မှုဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုအား သဘောတူ လက်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.