Connect with us

Politics, Law & Military

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် တရုတ်သမ္မတ ရှီကျင့်ဖိန် အား သမ္မတထရမ့် ဂုဏ်ပြုကြောင်းပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အား အောက်တိုဘာ ၂၅ ရက်တွင် ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

ထရမ်က တယ်လီဖုန်းမှတစ်ဆင့် ရှီအား ဂုဏ်ပြုစကားပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းက ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ အောင်မြင်စွာကျင်းပနိုင်ခြင်းအပေါ်လည်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ထရမ့် က ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ သည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ရယူနိုင်ခဲ့ကြောင်း၊ ၎င်းကိုယ်တိုင်လည်း ညီလာခံတွင် သမ္မတရှီပြောကြားခဲ့သော အရေးကြီးသည့် နိုင်ငံရေးနှင့် ဆက်စပ် အကြောင်းအရာများကို အာရုံစိုက်နားထောင်ခဲ့ကြောင် ပြောကြားခဲ့သည်။

မကြာခင်ရောက်ရှိလာတော့မည့် ၎င်း၏ တရုတ်နိုင်ငံခရီးစဉ် နှင့် ပတ်သက်၍ ထရမ့်က အမေရိကန်နိုင်ငံသားများသည် ယင်းခရီးစဉ်အကြောင်းအား စိတ်ဝင်တစားဆွေးနွေးနေကြကြောင်း၊ ၎င်းအနေဖြင့်လည်း ပေကျင်းမြို့တွင် သမ္မတရှီကျင့်ဖိန် နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်ဖက်အမြင်များ ပြည့်စုံစွာ ဖလှယ်သွားနိုင်မည့်အပြင် နိုင်ငံတကာ နှင့် ဒေသတွင်းဖြစ်ပွားနေသည့် ဘုံစိုးရိမ်မှု ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားနိုင်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။

ရှီက ဂုဏ်ပြုစကားပြောကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း ထရမ့်အားပြန်လည်ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသည် တရုတ်-အမေရိကန် ဆက်ဆံရေးကို အထူးအလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှု နှင့် အကျိုးအမြတ်ရရှိမှုများကို အခြေခံ၍ ရေရှည်တည်တံသော၊ သန်စွမ်းသော၊ တည်ငြိမ်သော နှစ်နိုင်ငံ ချစ်ကြည်မှု ကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.