Connect with us

Politics, Law & Military

တရုတ် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ ကိုယ်စားလှယ်များနှင့် တရုတ် သမ္မတ ရှီကျင့်ဖိန် တွေ့ဆုံ


ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံ တက်ရောက်ရန် အထူးဖိတ်ကြားခြင်းခံထားရသော ကိုယ်စားလှယ်များနှင့် မဲပေးခွင့်မရှိသော တက်ရောက်လေ့လာသူ ကိုယ်စားလှယ် ၂,၇၀၀ ဦးတို့အား အောက်တိုဘာလ ၂၅ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီသည် တရုတ်နိုင်ငံ သမ္မတ ဖြစ်သလို ဗဟို စစ်ကော်မရှင်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ရှီနှင့်အတူ ၁၉ ကြိမ်မြောက် CPC ဗဟို ကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်အဖြစ် အသစ်ရွေးချယ်ခံရသူများ ဖြစ်သော လီခဲ့ချန်၊ လီကျန်ဆူး၊ ဝမ်းယန်၊ ဝမ်ဟုနင်း၊ ကျိုလဲ့ကျိ၊ ဟန့်ကျိန်း၊ အခြား အဆင့်မြင့် အရာရှိများ ဖြစ်သော ကျန်းတယ်ကျန်း၊ ယွီကျန့်စန်းနှင့် ကျန်းကောလိတို့လည်း ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၊ သမ္မတနှင့် ဗဟို စစ်ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်သူ ရှီကျင့်ဖိန်နှင့် ညီလာခံ ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၊ သမ္မတနှင့် ဗဟို စစ်ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်သူ ရှီကျင့်ဖိန်နှင့် ညီလာခံ ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ရှီနှင့်အတူ ပါတီနှင့် နိုင်ငံ့ ခေါင်းဆောင်ဟောင်းများ ဖြစ်သော ကျန်ဇီမင်း၊ ဟူကျင်တောင်၊ လီဖုန်း၊ Zhu Rongji, Li Ruihuan, Wu Bangguo, Wen Jiabao, Jia Qinglin, Song Ping, Li Lanqing, Zeng Qinghong, Wu Guanzheng, Li Changchun, He Guoqiang, Liu Yunshan နှင့် Wang Qishan တို့လည်း ပါဝင်ခဲ့သည်။

သမ္မတ ရှီသည် ၎င်းတို့နှင့်အတူ ပြည်သူ့ခန်းမကြီးတွင် အဖွဲ့လိုက် ဓာတ်ပုံရိုက်ကူးခြင်းခံခဲ့သည်။

၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံအား အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.