Connect with us

Politics, Law & Military

CPC နှင့် တရုတ်ပြည်သူများအကြား အမေရိကန်နိုင်ငံရေးသမားများ ဝင်ရောက်ရန် ကြိုးပမ်းမှုကို တရုတ်နိုင်ငံ ပြင်းပြင်းထန်ထန်ဝေဖန်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းအား‌ ဇူလိုင် ၁ ရက်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

 ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ၎င်း၏အကြိုက်လိုက်သူများက တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် တရုတ်ပြည်သူများအကြားရှိ သွေးချင်းသားချင်းဆက်ဆံရေးကို ဖြတ်တောက်ရန် ကြိုးပမ်းသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၁ ရက်တွင် ပြောကြားလိုက်သည်။ 

CPC နှင့် တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်ကို ထပ်ခါတလဲလဲတိုက်ခိုက်လာသည့် ပွမ်ပီယိုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ပြောကြားစဉ် ကျောက်က အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်ပြီး တရုတ်ပြည်သူများ၏ မျှော်လင့်ချက်များနှင့် အိပ်မက်များသည် ပါတီမှ အောင်မြင်မှုပင်ဖြစ်ကြောင်း ကျောက်ကဆိုသည်။ 

“CPC ရဲ့မျှော်လင့်ချက် နဲ့ တရုတ်ပြည်သူတွေရဲ့မျှော်လင့်ချက်က အတူတူပါပဲ။ အတိအကျဆိုရပါက တရုတ်နိုင်ငံရဲ့ မဟာအားသစ်လောင်းခြင်း ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ပါ။ အဲဒီမျှော်လင့်ချက် အိပ်မက်ကို သေသေချာချာ နားလည်သဘောပေါက်ဖို့လိုပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ 

ပွမ်ပီယိုနှင့် ၎င်း၏အကြိုက်လိုက်သူများက အလိမ်အညာများနှင့် အသရေဖျက်မှုများ ပြန့်ပွားစေခြင်းဖြင့် ပါတီနှင့် ပြည်သူများအကြား သွေးချင်းသားချင်းဆက်ဆံရေးကို ဖြတ်တောက်ရန် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ “သူတို့တွေက စိတ်ကူးယဉ်အိပ်မက် မက်နေကြတာ” ဟု ပြောရေးဆိုခွင့်ရှိသူ ကျောက်က ဆက်လက် ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.