Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ကိုရီးယားစစ်ပြန်များကို ဆုတံဆိပ်များဖြင့် ဂုဏ်ပြုမည်

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပေကျင်းမြို့တော်တွင် ၂၀၁၉ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့သည့် စစ်ပြန်များအလုပ်အကိုင်ရေးရာကွန်ဖရင့်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင် စစ်ပြန်များအား ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် ပါဝင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ဆုတံဆိပ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဆုတံဆိပ်များသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင်၏ အပ်နှင်းချက်အရ ပေးအပ်မည်ဖြစ်ကြောင်း ပါတီနှင့် နိုင်ငံတော်၏ ဆုများနှင့် ဂုဏ်ပြုခြင်းများ ပေးအပ်ခွင့်ရှိသောရုံးက ဇူလိုင် ၂ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ 

ထို့ပြင် အဆိုပါ စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သူများအပြင် စစ်ပွဲအတွင်း ဝန်ဆောင်မှုများထောက်ပံ့ပေးခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးအလုပ်သမားများ၊ ဘာသာပြန်များ၊ ယာယီစစ်ပြေငြိမ်းခြင်း ဆွေးနွေးမှုတွင် ပါဝင်သူများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ သတင်းစာဆရာများ၊ စာရေးဆရာများ၊ ဓာတ်ပုံဆရာများနှင့် မြောက်ကိုရီးယားနိုင်ငံတွင် စစ်ပွဲအပြီး စီးပွားရေး ပြန်လည်နာလန်ထူရေးတွင် ကူညီရန် နေထိုင်ခဲ့သူများ အပါအဝင် ဆုများအပ်နှင်းရန် သင့်လျော်သော အခြားသူများကိုလည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အဆိုပါ စစ်ပွဲအား ရပ်ဆိုင်းရန်သဘောတူညီချက်ကို ၁၉၅၃ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး စေတနာ့ဝန်ထမ်းတပ်ဖွဲ့များမှာ ၁၉၅၈ ခုနှစ် အောက်တိုဘာလတွင် အပြီးအပိုင်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ 

ယင်းဆုများပေးအပ်ခြင်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် စတင်မည်ဖြစ်သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117