Connect with us

Politics, Law & Military

အမျိုးသားလုံခြုံရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည့်အဝထောက်ခံအားပေးသွားမည်ဟု ဟောင်ကောင်ရှိ PLA မြို့စောင့်တပ်ဖွဲ့ပြောကြား

ဟောင်ကောင်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မြို့စောင့်တပ်ဖွဲ့ဝင်များ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်က နိုင်ငံတော်အလံလွှင့်ထူနေစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

ဟောင်ကောင်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မြို့စောင့်တပ်ဖွဲ့က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည့်အဝ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

ပြည်သူများ ကောင်းစွာနေထိုင်နိုင်ရေးအတွက် အာမခံချက်ပေးရန် နှင့် တည်ငြိမ်အေးချမ်းသောနိုင်ငံတစ်နိုင်ငံဖြစ်စေရန် အမျိုးသားလုံခြုံရေးဥပဒေသည် မှတ်ကျောက်တစ်ခုဖြစ်ကြောင်း ဟောင်ကောင်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မြို့စောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်တစ်ခုထဲတွင် ဖော်ပြထားသည်။ထို့ပြင် နိုင်ငံနှင့် ဟောင်ကောင်ကို ချစ်မြတ်နိုးသူအားလုံး၏ စိတ်ဓာတ်ခွန်အားဖြင့် ဥပဒေတစ်ခုကို အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကြေညာချက်ထဲတွင်  ဆက်လက်ဖော်ပြထားသည်။ 

လူစုလူဝေးပြုလုပ်ခြင်းအပါအဝင် အစိုးရယန္တယားအား ဖျက်ဆီးခြင်း ၊ အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရန် ပြည်ပနိုင်ငံများ သို့မဟုတ် ပြည်ပ အင်အားစုများဖြင့် တရားမဝင်လှုပ်ရှားဆောင်ရွက်ခြင်းများကို ရာဇဝတ်ကြောင်းအရ အပြစ်ပေးရန် နှင့် ရပ်တံ့အောင် ဆောင်ရွက်ရန် အတွက် ဥပဒေပြဌာန်းခြင်းဖြစ်ကြောင်း နှင့်  အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်ရန် ခိုင်ခိုင်မာမာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက် ညပိုင်းကထုတ်ပြန်သော ကြေညာချက်ထဲတွင် ပါရှိသည်။

ဟောင်ကောင်ရှိ PLA မြို့စောင့်တပ်ဖွဲ့ဝင်များအနေဖြင့် ဗဟိုအစိုးရအာဏာပိုင်များမှ ချမှတ်သော ဆုံးဖြတ်ချက်များနှင့် အစီအမံများကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ “တစ်နိုင်ငံ စနစ်နှစ်မျိုး” စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဥပဒေအရ ပေးအပ်ထားသော ကာကွယ်ရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ကျွန်တော်တို့ဟာ ဖြေရှင်းနိုင်တယ် ၊ ယုံကြည်မှုရှိတယ် ပြီးတော့ ဟောင်ကောင်ရဲ့ ရေရှည်အကျိုးစီးပွားနဲ့ တည်ငြိမ်မှု အပြင် နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ၊ လုံခြုံရေး နဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့မှာ လုပ်နိုင်စွမ်း အပြည့်အဝရှိပါတယ်” ဟု ကြေညာချက်က ဆိုသည်။(Xinhua)