Connect with us

Politics, Law & Military

စီးပွားရေး ဖွံ့ဖြိုးမှုနှင့် CPC ခေါင်းဆောင်မှု တိုးတက်ရေးအား သမ္မတ ရှီက ၉၅ နှစ်ပြည့် CPC နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်း၌ အလေးထားပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ အတွင်းရေးမှူး သမ္မတ ရှီကျင့်ဖိန်က အခွန်အကောက် လျှော့ပေးခြင်း ဆိုင်ရာ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး၏ ကြိုးပမ်းအားထုတ်မှုအား ဆောင်ရွက်ကြရန် ဇူလိုင်လ ၁ ရက်တွင် ကျရောက်သော CPC တည်ထောင်ခြင်း ၉၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

စီးပွားရေးသည် မြင့်မားသည့် အရည်အသွေးနှင့်အတူ ပိုမို ထိရောက်ပြီး တရားမျှတသော တည်ငြိမ်သည့် ပုံစံဖြင့် ဖွံ့ဖြိုးသင့်ကြောင်း ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမ၌ ပြုလုပ်သော နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ဥပဒေသများအား ဆန်းသစ်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ အစိမ်းရောင် ဖွံ့ဖြိုးခြင်း၊ ပွင့်လင်းခြင်းနှင့် မျှဝေခြင်း စသည်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကာ စီးပွားရေး အင်အားနှင့် အမျိုးသား စွမ်းပကား အလုံးစုံအား ချဲ့ထွင်ရမည် ဖြစ်ကြောင်း ရှီက ပြောသည်။
စီးပွားရေး ဖွံ့ဖြိုးမှုသည် ပါတီ၏ ထိပ်ဆုံး ဦးစားပေး ဖြစ်ကြောင်း ရှီက အလေးထား ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ်တွင် သင့်တင့်ပြီး ကုံလုံကြွယ်ဝသော လူ့အဖွဲ့အစည်း တစ်ခုအား တည်ထောင်ရေးသည့် အဓိက ကျသော လုပ်ငန်း တစ်ခုအဖြစ် အပြည့်အဝ လုပ်ဆောင်ရန်နှင့် ထိုသို့ ရည်မှန်းချက်အား အောင်မြင်စေခြင်းဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး နှင့် ဂေဟစနစ်ဆိုင်ရာ လုပ်ငန်းစဉ်များအား အကျိုးရှိစေမည် ဖြစ်ကြောင်း ရှီက ပြောသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟို ကော်မတီ ၏ ၉၅ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)
၁၉၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် စတင် ထူထောင်ခဲ့သည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီသည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်၌ ၉၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
တရုတ်၏ သွင်ပြင်လက္ခဏာများနှင့် အတူ ဆိုရှယ်လစ်စနစ် ခေါင်းဆောင်မှုပိုင်းအား ဆက်လက် တိုးတက်စေရန် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း မိန့်ခွန်းထဲ၌ ရှီက ပြောကြားခဲ့သည်။
လက်ရှိတွင် CPC ၌ အဖွဲ့ဝင် ၈၈ သန်းကျော်နှင့် ပါတီ အဖွဲ့အစည်းပေါင်း ၄.၄ သန်း ကျော် ရှိနေပြီ ဖြစ်ကြောင်း၊ ပါတီဝင်များအား နိုင်ငံရေး ဂုဏ်သိက္ခာ ထိန်းသိမ်းကြရန် အသိ လိုအပ်ကြောင်း၊ ပိုမို ကြီးမားသည့် ပုံရိပ်အား စိတ်ထဲ မှတ်သားထားရန် လိုအပ်ကြောင်း၊ CPC အား တရုတ် ခေါင်းဆောင်မှု၏ အဓိက အချက်အခြာအဖြစ် လိုက်နာကြရန်နှင့် CPC ဗဟို ကော်မတီ မူဝါဒအား အပြောင်းအလဲ မရှိစွာ လိုက်နာ ကျင့်သုံးသင့်ကြောင်းလည်း ရှီက တိုက်တွန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.