Connect with us

Politics, Law & Military

ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းသို့ တရုတ် ဝင်ရောက်လာမှုအား ကုလ အတွင်းရေးမှူး ကြိုဆို

ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း အမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) သို့ တရုတ်နိုင်ငံ ဝင်ရောက်လာခြင်းအား ကြိုဆိုပါကြောင်းနှင့် တရုတ်နိုင်ငံသည် IOM အား ကောင်းစွာ ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ဇွန်လ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ဘန် က ယခင်အချိန်များထက် ရွှေ့ပြောင်းသွားလာမှု နှင့် ရွှေ့ပြောင်း ဒုက္ခသည် အရေးကိစ္စများပိုမို များပြားလာသည့် ယခုလို အရေးကြီးသည့် အချိန်၌ တရုတ်နိုင်ငံသည် IOM ၏ အဖွဲ့ဝင် ဖြစ်လာခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဇွန်လ အစောပိုင်းတွင် တရုတ်နိုင်ငံသည် ဂျနီဗာမြို့ အခြေစိုက် IOM အဖွဲ့အစည်း၌ အဖွဲ့ဝင်ရန် အတွက် လျှောက်လွှာ တင်ခဲ့ကြောင်းနှင့် ယင်းအဖွဲ့အစည်းသည် တရုတ်နိုင်ငံ၏ လျှောက်လွှာအား ဇွန်လ ၃၀ ရက်တွင် အတည်ပြု ပေးခဲ့ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ် ပြီးနောက် အနောက် ဥရောပတွင် နောက်ဆက်တွဲ မငြိမ်သက်မှုများနှင့် နေရာရွှေ့ပြောင်းမှု များကြောင့် ၁၉၅၁ ခုနှစ်တွင် ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ဖြစ်ပေါ်လာကြောင်း သိရသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန် က တရုတ်နိုင်ငံသည် ၂၀၀၁ ခုနှစ် ကတည်းက IOM တွင် လေ့လာသူ အဖြစ် ပါဝင်ခဲ့ပြီး ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ပင်လယ်ရပ်ခြား ကောင်စစ်ဝန်များ ကာကွယ်ပေးမှု ကိစ္စရပ်များတွင် ကျယ်ပြန့်ပြီး လက်တွေ့ကျသည့် ပူးပေါင်း လုပ်ဆောင်မှုများ ရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။
၎င်းက တရုတ်နိုင်ငံသည် IOM သို့ ဝင်ရောက်လာသည် နှင့် တစ်ပြိုင်နက် ၎င်းသည် နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှု ကိစ္စရပ်များတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှင့် ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များတွင်လည်း တရုတ်နိုင်ငံ အနေဖြင့် ပါဝင် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.