Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် အငြင်းပွားမှုအား ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းသည် ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံ ပညာရှင်များမှ ပြောကြား

တောင်တရုတ်ပင်လယ် အတွင်းရှိ Sansha ကျွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနှင့် ပတ်သက်သော အငြင်းပွားမှုများအား သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းသည် ဖြေရှင်းရန် အကောင်းမွန်ဆုံး နည်းလမ်း ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံ ရေကြောင်း သုတေသနအဖွဲ့ ဥက္ကဋ္ဌ Connie Rahakundini Bakrie မှ ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် အင်တာဗျူးအား ဖြေကြားရာတွင် ပြောကြား ခဲ့ပါသည်။

Connie မှ ဖိလစ်ပိုင် နိုင်ငံ၏ ဆောင်ရွက်မှု များသည် အာဆီယံ နိုင်ငံများကို ကိုယ်စားပြုခြင်း မဖြစ်ပေါ် စေနိုင်ဘဲ တောင်တရုတ် ပင်လယ်အရေးသည်လည်း အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြား ချစ်ကြည် ဆက်ဆံရေး အတွက် အနှောက်အယှက် မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် Connie မှ အကွီနို အစိုးရသည် ၂၀၁၃ ခုနှစ် မှ စတင်ကာ တောင်တရုတ် ပင်လယ် အငြင်းပွားမှု နှင့် ပတ်သက်၍ နိုင်ငံတကာခုံရုံး Permanent Court of Arbitrition (PCA) သို့ တစ်ဖက်သတ် ခုံရုံးတင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံ တောင်တရုတ် ပင်လယ် အရေးဆိုင်ရာ နိုင်ငံတကာခုံရုံး အတွင်းရေးမှူးမှ PCA အနေဖြင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် တောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်သော စီရင်ဆုံးဖြတ်ချက်အား ထုတ်ပြန် သွားမည် ဖြစ်ကြောင်းကို ကြေညာ ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် Connie မှ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဖိလစ်ပိုင် နိုင်ငံ၏ တစ်ဖက်သတ် ခုံရုံးတင် ဆောင်ရွက်မှု များသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ဆန့်ကျင်ပြီး PCA အနေဖြင့်လည်း ဤကိစ္စရပ်နှင့် ပတ်သက်သော စီရင် ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ပါဝင်ခြင်း ၊ အသိအမှတ်ပြုခြင်း နှင့် PCA မှ မည့်သည့် ဆုံးဖြတ်ချက် ချမှတ်သည် ဖြစ်စေ လက်ခံမည် မဟုတ်ကြောင်းကိုလည်း တရုတ်နိုင်ငံမှ ထုတ်ပြန်ပြောကြား ခဲ့ကြောင်း ၊ ထို့ပြင် တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်တွင် တောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍ အငြင်းပွားမှုများသည် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် တောင်တရုတ် ပင်လယ် တည်ငြိမ် အေးချမ်းရေး အတွက် တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာ စာတမ်း ( Declaration on the Conduct of Parties ) ( DOC) ကို အကောင်အထည်ဖော် ဆောင်ရွက် သွားရမည် ကိုလည်း ဖော်ပြ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Connie မှ ၎င်းအနေဖြင့် တရုတ် နိုင်ငံ၏ ရပ်တည်မှုကို နားလည်နိုင်ပြီး တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အာဆီယံ အနေဖြင့်လည်း တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (Code of Conduct in the South China Sea)(COC) ကို သတ်မှတ် နိုင်ရန် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ သတ်မှတ်ခြင်းဖြင့် တောင်တရုတ် ပင်လယ် အရေး ဆွေးနွေး ဆောင်ရွက်ရန် အတွက် ကောင်းမွန်သည့် အခြေအနေ ဖြစ်ပေါ်စေနိုင်မည် ဖြစ်ကြောင်း ၊ တောင်တရုတ် နိုင်ငံ အရေးသည် သက်ဆိုင်ရာ နိုင်ငံများ အကြား ဆက်ဆံရေး ဆိုးရွားမှုများ ဖြစ်ပေါ်လာ နိုင်ပြီး တရုတ် နိုင်ငံ နှင့် အာဆီယံ အနေဖြင့် တောင်တရုတ် ပင်လယ် အရေးတွင် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် နည်းလမ်းရှာဖွေသွားရမည် ဖြစ်ကြောင်း ကိုလည်း ပြောကြား ခဲ့သည်။

၂၀၀၂ ခုနှစ်တွင် တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံ များသည် DOC အား လက်မှတ် ရေးထိုးခဲ့ကြပြီး စာတမ်းတွင် ပိုင်ဆိုင်မှု အငြင်းပွားသည့် ဒေသ များအား ဖြေရှင်း ဆောင်ရွက်ရာတွင် တိုက်ရိုက် သက်ဆိုင်သည့် နိုင်ငံ များမှ ချစ်ကြည်ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားရမည် ဟူသည့် အချက် ပါဝင်ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ အနေဖြင့် အာဆီယံ နိုင်ငံများနှင့် အတူတကွ ပူးပေါင်းကာ DOC ၏ မူဘောင် အောက်တွင် COC သတ်မှတ် နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

တောင်တရုတ် ပင်လယ်အရေးတွင် ပြင်ပ နိုင်ငံများမှ ပါဝင် ပတ်သက်ခြင်းနှင့် ပတ်သက်၍ Connie မှ ပြင်ပ နိုင်ငံများ တောင်တရုတ် ပင်လယ် အရေးတွင် ပါဝင် ပတ်သက်ခြင်းသည် တောင်တရုတ် ပင်လယ် အရေးကို ပိုမို ပြင်းထန် လာစေ နိုင်ကြောင်း ၊ အမေရိကန် နိုင်ငံသည် လက်တွေ့တွင် တောင်တရုတ် ပင်လယ် အငြင်းပွားမှုနှင့် သက်ဆိုင်ခြင်း မရှိသည့် အပြင် အမေရိကန် နိုင်ငံသည် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဥပဒေကိုလည်း အတည်ပြုခြင်း မရှိခဲ့ကြောင်း ၊ ထို့ကြောင့် အမေရိကန် နိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ် အရေးတွင် ပါဝင် ပတ်သက်ခြင်းနှင့် တောင်တရုတ် ပင်လယ်တွင် စစ်အင်အား ပြသခြင်းများ မပြုလုပ်သင့်ကြောင်း ၊ အမေရိကန်နိုင်ငံ အနေဖြင့် ပိုမို မှန်ကန်ပြီး သမာသမတ် ကျသည့် ပုံစံဖြင့် တောင်တရုတ် ပင်လယ်အရေးအား ကိုင်တွယ်ဆောင်ရွက်သွားရမည် ဖြစ်ပြီး တောင်တရုတ် ပင်လယ် အတွင်း စစ်အင်အား စေလွှတ်ခြင်းကို ခွင့်လွှတ်လက်ခံ နိုင်ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် အင်ဒိုနီးရှား နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ် ဆောင်ရွက်မှု ကော်မတီ ဥက္ကဋ္ဌ ၊ ထိုင်းနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ဟောင်း Ibrahim Yusuf မှ ဆင်ဟွာ သတင်းဌာန အင်တာဗျူ အား ဖြေကြားရာတွင် PCA ၏ ဆုံးဖြတ်ချက် သည် မည်သည့် ကန့်သတ် ချုပ်ချယ်မှုကိုမှ ဖြစ်ပေါ် စေနိုင်မည် မဟုတ်ဘဲ တရုတ် နိုင်ငံ မှလည်း ငြင်းပယ် နိုင်မည် ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ၏ နှစ်ဦးနှစ်ဘက် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်မှုဖြင့် လုပ်ကိုင် ဆောင်ရွက်ပုံကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)