Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် Gavi စသော နိုင်ငံတကာ အဖွဲ့အစည်း များအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည် ဟု ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အပါအဝင် Gavi စသော နိုင်ငံတကာ အဖွဲ့အစည်း များအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များ တွင် ကာကွယ်ဆေး အသုံးပြုနိုင်ချေရှိမှု နှင့် သုံးစွဲနိုင်မှု အတွက် ၊ တရုတ် နိုင်ငံ က လူသားမျိုးနွယ် ကျန်းမာရေး အသိုက်အဝန်း တည်ဆောက်ရေး အတွက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ  ၄ ရက် ၌ ပြောကြား ခဲ့သည်။

ကျောက်လိကျင်း က တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် အနေဖြင့် ဇွန်လ ၄ ရက် ညပိုင်း အချိန် တွင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထိပ်သီး အစည်းအဝေး တွင် မိန့်ခွန်းပြောကြား မည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျင်း က တရုတ် နိုင်ငံ အစိုးရ အနေဖြင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အယူဝါဒ ကို ကိုင်ဆောင်ထားပြီး ကမ္ဘာ့အများပြည်သူ ကျန်းမာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အပေါ် လွန်စွာ အလေးထားကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ၇၃ ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေး အစည်းအဝေး တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အကြံပြုခဲ့သည့် သည့် ဖော်ဆောင်မှု နှင့် ဆောင်ရွက်ချက်များ ကို ဆက်လက် လက်တွေ့အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ ကာကွယ်ဆေး အသုံးပြုနိုင်စေရန် အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.