Politics, Law & Military
HKSAR အတွက် အမျိုးသားလုံခြုံရေးဥပဒေအပေါ် ကောလာဟလများ ၊ လုပ်ကြံဇာတ်လမ်း(၉)
ပေကျင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)
အချို့သော အမေရိကန် နှင့် အနောက်တိုင်း နိုင်ငံရေးသမားများက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းမှုအပေါ် ဆန့်ကျင်သည့် မှားယွင်းသော စွပ်စွဲချက်များကို မကြာသေးမီကပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ဖြန့်ဝေခဲ့သော ကောလာဟလများအနက် အကြောင်းအရာ တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။
ကောလာဟလ :
ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းသည် “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အဆုံးသတ်မှုဖြစ်ကြောင်း နှင့် ဟောင်ကောင်က ၎င်းတို့၏ အမြင့်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒီဂရီကို မရှိတော့အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လုပ်ကြံပြောဆိုခဲ့ကြသည်။
အမှန်စင်စစ် :
ပုဒ်မ ၁ သည် အမြင့်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒီဂရီတစ်ရပ်နှင့်အတူ ဟောင်ကောင်ပြည်သူ့စီမံခန့်ခွဲမှုအောက်တွင် “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ကို ထပ်လောင်းအတည်ပြုသော ဥပဒေဖြစ်သည်။ ဤဥပဒေပြဌာန်းမှု ပန်းတိုင်သည် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးတွင် ဖြစ်ပေါ်နေသော စိုးရိမ်စရာ ယိုပေါက်တစ်ခုကို ပိတ်ဆို့ရန်သာ ဖြစ်ပြီး တစ်နိုင်ငံ စနစ်နှစ်မျိုး၏ ခိုင်မာသောအခြေခံအုတ်မြစ် နှင့် တစ်နိုင်ငံတည်းပေါ်အခြေခံ၍ စနစ်နှစ်မျိုးကို ပိုမိုခိုင်မာစေရန် ဟောင်ကောင်အတွက် အမြင့်ဆုံးထိန်းသိမ်းစောင့်ရှောက်မှု ဖန်တီးပေးခြင်းသာ ဖြစ်သည်။
ဤဥပဒေအောက်တွင် ဟောင်ကောင်ဒေသခံများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သက်ရောက်မှု ရှိစေလိမ့်မည်မဟုတ်ပေ။ ယင်းသည် အပြီးသတ်စီရင်မှုအပါအဝင် ဟောင်ကောင် HKSAR ၏ လွတ်လပ်သောတရားစီရင်မှုအခွင့်အာဏာအပေါ် သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။ အရင်းရှင်ပုံစံ စနစ် ၊ အမြင့်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ဟောင်ကောင်၏ တရားစီရင်ရေးစနစ် ဖြစ်သော “တစ်နိုင်ငံ စနစ်နှစ်မျိုး”၏ မူဝါဒများကို ပြောင်းလဲပစ်မည်မဟုတ်ပေ။(Xinhua)